ဝင်းငြိမ်း - အထီးကျန်ည
Are you lonesome tonight?
ELVIS PRESLEY
ဟုတ်ကဲ့ ဒီ စာအုပ်က ဘာသာပြန် သူ စိမ်း
နေတဲ့ အတွက် အစက ကျနော် လည်း ရိုးရိုး
ဝတ္တု ပဲ ထင်ခဲ့မိတာ ။ နည်း နည်း ဖတ် ကြည့်
လိုက်မှ ကမ္ဘာ ကျော် အဆိုတော် ကြီး ELVIS PRESLEY ရဲ့ အချစ်ဦး အကြောင်း ဖြစ်နေတော့
တယ် ။
ဒီဝတ္တု ကို ဘာသာပြန်ဘို့ရာ အဆိုတော် ဘိုဘိုဟန်က
ဝင်းငြိမ်းကို ပေးရာက စတာပဲ.... ။
Are you lonesome tonight? ဆိုတဲ့စာအုပ်
ခေါင်းစဉ် က အမှန်တော့ ELVIS ရဲ့ သီချင်းတစ်ပုဒ် ရဲ့
ခေါင်းစဉ် ပါပဲ...... ။
လူစီ ဒီဘာဘင် ဟာ ပြင်သစ် သူကလေးဖြစ်တယ်။
အဖေအဆိုတော်မထင်မရှားနဲ့ အမေဖြစ်သူအမေရိ
ကန်တို့ရဲ့ သဘောမတူတဲ့ ကြားက ပေါက်ဖွားလာကြ
ရတယ်။ နောက်တော့ အဖေ လည်း သေ ကော
လူစီ ဘဝဟာ သူမ အဖေရဲ့ အမေ ၊ သူ့ အဖွားရဲ့
လက်မှာ ကြီးပြင်းခဲ့ရတယ် ။
လူစီ ၁၁ နှစ်အရွယ် မှာပဲ လူစီအဖွားဟာ လူမဆန်စွာ
တဖက်လှည့်နဲ့ မြေပွဲစားတစ်ဦးကို ရောင်းစားခါ
လက်ထပ်ပေးခဲ့ခြင်းခံခဲ့ရသည် ။ လူစီဟာ အသက်မ
ပြည့်မှီ မြေပွဲစားကြီးရဲ့ အတင်းအကြပ် ကာမယူမှုနဲ့
ကလေး ၂ ယောက်ရချိန်မယ် သူမအသက်က ၁၇
ပြည့်ရုံသာ ရှိခဲ့ပါတယ် ။ ကြမ်း တမ်းလှတဲ့ လူစီ ဟာ
ပွဲစားကြီးမလာတဲ့ ရက်တွေမှာ အဆိုရှင်အနေနဲ့ အချိန်
ပိုင်း အလုပ် လုပ် ရင်းသူမ ဖြစ်ချင်တဲ့ အဆို တော်
ဘဝ ကို တဖက်က ကြိုးစား နေ၏ ။
တစ်နေ့ မှာ တော့ ကမ္ဘာကျော် မည့် ELVIS နဲ့ နယ်
မြို့လေးက ဧည့်ခံ ပွဲမှာတွေ့မိကြလေရဲ့ ။ ဒါပေတဲ့
ထို အချိန်မှာ ELVIS ဟာ လုံးဝ မအောင်မြင်သေး တဲ့
အဆိုတော် ဘဝ ။ လူစီမှာကျ တော့လည်း အလိုမတူ
လင်ကြီးနဲ့ ကလေး၂ ယောက် အမေ ။
နောက်တော့ လူစီနဲ့ ELVIS တို့ တောင်ကုန်လေး
ရဲ့ တစ်နေရာ မှ လူမသိ သူမသိ မှောက်မှားခဲ့ကြ
သည် ။ နောက်ပိုင်း မှ ELVIS သိလိုက်ရတာက
လူစီဟာ ကလေးအမေ မှန်း ။ ဒါပေတဲ့ အရူးအမဲ
သားကျွေးခြင်း ခံရတယ် ELVIS ဟာ ဒေါသမဖြစ်တဲ့
အပြင် သူမကို တမ်းတမ်း စွဲ ချစ်မိနေကြပါသတဲ့ ...။
နောက်တော့ ကြိုးကြား ချိန်းတွေ့ ကြရာမှ
ELVIS မသိလိုက်တဲ့ ကွန်ဒုံးမဲ့ လိင်ဆက်ဆံ ရာ
မှ လူစီနဲ့ ကလေး တစ်ယောက် ရသွားခြင်း ကို
သေ သည်အထိ မသိ သွားရ ရှာပေ။ သူမရဲ့
နာမည်က ဒီဇိုင်းယားရီး ။ ထို အကြောင်းကို
ပြန်ရေးပြထားတဲ့ အချစ် ဝတ္တု လေးဖြစ်ပါတယ် ။
ELVIS ကလည်း ကမ္ဘာ ကျော် အဆိုတော် နဲ့
လူစီလို ကလေး အမေ တစ် ယောက်
၂၄ နှစ်လုံး လူသိမခံ ပဲ ဘာကြောင့် ချစ်နေရပါလည်း
အဖြေ က........... ? ?
ကျနော် ကြည့်ဖူးတဲ့ ဆူးကြားက ဗူးခါး ထဲမယ်
မင်းမော်ကွန်း က မင်းသားဖြစ်သွားတော့
သူ့ အဖေ နဲ့ တွေ့ ချင်သော်လည်း နောက်
က ကွန်ထရိုး လုပ်သူက တွေ့ခွင့် မပေးသော
ကြောင့် အဲ့နေရာမှာ ပြောတဲ့ စကားလေး
သွား သတိရတယ် ။
ကျနော် ကတော့ အောင်မြင် မှု နောက်လိုက်ရင်း
အဖေတို့နဲ့ ပိုပို ဝေး သွားရပါတယ်တဲ့...... ။
ELVIS နဲ့ လူစီ တို့ စတွေ့ချိန် ကတည်း က
ELVIS သေဆုံး၍ သူတို့ရဲ့ သမီးလေး
ဒီဇိုင်းယားရီး အရွယ် ရောက်သည်အထိ ၂၄နှစ်တာမျှ
ဖုံးကွယ်ထားတာ တွေဟာ ဘာကြောင့်လဲ ဆိုတာ
တော့ စာမျက်နှာ ၂၅၀ ကျော်တာနဲ့ ခံစားရစွာသိ
လာပါ လိမ့်မည် ။ လူစီရဲ့ အချစ်ဟာ ဘယ်လောက်
ထိ လေးနက်ပြီး တစ်ယောက် နဲ့ တစ်ယောက်
အတ္တတွေ ဘယ်လောက်မဲ့ ပြီး ချစ်ကြ သလည်း
ဆိုတာကို ပေါ့... ။
မိုးအေးအေးနဲ့ ဖြစ်ရပ်မှန် အ ချစ် ဝတ္တု
ဖတ်ချင်သူတို့ အတွက် လက်တို့ အပ်ပါသည်.... ။
#crd -မ ဂမ်



No comments:
Post a Comment