Monday, December 2, 2019

Synopsis

#Unicode
ဒီဇာတ်ကားကတော့ ဒါရိုက်တာကတ်ဝမ် ရိုက်ကူးခဲ့တဲ့ ၁၉၉၃သဲထိတ်ရင်ဖိုရာဇဝတ်အက်ရှင်ကားပဲ ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင်ကတော့ လူတိုင်းနီးပါးသိတဲ့ အက်ရှင်မင်းသားကြီးဂျက်ကီချန်းပဲ ဖြစ်ပါတယ်။ အခြားအက်ရှင်ကားတွေနဲ့မတူတာက ဒီကားဟာ ၁၉၉၀ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် တရုတ်စီးပွားရေးသမားကြီးတတ်ဒီဝမ် ပြန်ပေးဆွဲမှုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
နောက်ထပ်ထူးခြားတာတစ်ခုက ဒီကားထဲမှာပါဝင်တဲ့ ကားနှစ်စီးတိုက်မိတဲ့အခန်း ရိုက်ကူးရာမှာ မင်းသားကြီးဂျက်ကီချန်းရဲ့ ခြေထောက်ကျိုးကြေသွားခဲ့ရတယ့်အထိ ဖြစ်ခဲ့ရတယ်လို့ ဂျက်ကီချန်းရေးသားထားတဲ့ I Am Jackie Chan : My life in action စာအုပ်မှာ ဖော်ပြထားပါတယ်။
ဒီဇာတ်ကားကို ဟောင်ကောင်၊ ထိုင်ဝမ် နဲ့ ကွန်းလွန်ဝေါမြို့တို့မှာ ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားတွင် ရိုက်ကူးရေးမစတင်ခင် စစ်ဆေးရေးအရာရှိအက်ဒီချန်နေရာမှာ အက်ရှင်မင်းသားကြီဂျက်လီနဲ့ ရိုက်ကူးရန်ပြင်ဆင်ထားပေးမဲ့ နောက်ဆုံးမှာ အက်ရှင်မင်းသားကြီးဂျက်ကီချန်းကို ရွေးချယ် ရိုက်ကူးဖြစ်ခဲ့တာပါ။ ဤဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်သူအများအပြား ဆုရရှိခဲ့ပါတယ်။
ဇာတ်ကားအစမှာတော့ ပစ်ခတ်မှုကြီးတစ်ခုအပြီး စိတ်ဖိစီးမှုများနေတဲ့ စစ်ဆေးရေးအရာရှိအက်ဒီချန်ဟာ ပြန်ပေးဆွဲခံရသူစီးပွားရေးသမားကြီးဝမ်ရဲ့ဖေးရဲ့ အမှုကိုကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ကျလာပါတယ်။ အက်ဒီချန်ဟာ ငွေကြေးအာဏာာတောင့်တင်းတဲ့ လူဆိုးဂိုဏ်းအများအပြားနဲ့ ရင်ဆိုင်ကြုံတွေ့ရပြီး အဆိုးဆုံးကတော့ ရဲတပ်ဖွဲ့လှုပ်ရှားမှုတိုင်း ခြေရာခံပေးနေတဲ့ သူနဲ့အတူအမှုလိုက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ ပြန်ပေးဆွဲမှုထဲ ပါဝင်နေခဲ့တာပါ။ ဒီဇာတ်ကားကတော့ အခက်အခဲများစွာကြားက ရာဇဝတ်မှုကိုဖော်ထုတ်အရေးယူသည့် သဲထိတ်ရင်ဖိုအက်ရှင်ကားတစ်ကားဖြစ်ပါတယ်။

http://legeerook.com/mo3




Wednesday, October 2, 2019

မြပုလဲသွယ် - မချစ်သော မုန်းပါလေဦး

📚📚
http://bit.ly/2nRgdOc




လုံမ -အစိမ်းသက်သက်

📚📚
http://bit.ly/2nZrBr2




Wednesday, August 28, 2019

ခင်​ခင်​ထူးရဲ့စတုတ္ထလုံးချင်းဝတ္ထု " မအိမ်​ကံ "
ဇာတ်​လမ်းအစမာပင်​ စွဲ​ဆောင်​ခြင်းဖြင့်​စ​ခဲ့​သော အရပ်​လက်​သည်​ ​ဒေါ်ရိုးပုံ
-ရပ်​တိုင်း၊ ရွာတိုင်းလှည့်​ပီး မီးဖွား​ပေး​နေ​သောအရပ်​လက်​သည်​ကြီး
-အသက်​ရှစ်​ဆယ်​​ကျော်​​နေပီဖြစ်​​သော်​လည်း အသက်​နှင့်​တကွ ရင့်​ကျက်​လာ​သောသူရဲ့ပညာ
-တပည့်​မိန်းမကြီးများရှိ​သော်​လည်းအချိုးမ​ပြေလျှင်​ဆူ​ငေါက်​တတ်​​သောသူ
သူကြီးသာထန်​ရဲ့​နောက်​မိန်းမ​ဒေါ်ပန်းရုံ
-မိ​ထွေးဖြစ်​​သော်​လည်းအရင်​မိန်းမက​မွေးခဲ့​သော ​မောင်​မြတ်​သာကို သားအရင်းနှင့်​ မခြားချစ်​​ပေးခဲ့သူ
လင်​​တော်​​မောင်​သူကြီးကမိမိထက်​ ၁၀ နှစ်​ကြီး​သော်​လည်း
ချစ်​ခင်​ယုယ​သောသူ
သူကြီးရာထူးအလုပ်​မှနှုတ်​ထွက်​​စေချင်​၍လင်​​တော်​​မောင်​ကိုချိုတလှည့်​၊ခါးတလှည့်​​ပြော​နေ​သောသူ
သူကြီးဦးသာထန်
-သူကြီးအလုပ်​ကိုမျိုးရိုးစဉ်​ဆက်​လုပ်​ခဲ့​သော​ကြောင့်​မိမိလက်​ထက်​​ရောက်​မှမပျက်​​စေလို​သောသူ
-မိမိ၏အလုပ်​နှင့်​မအား​သော်​လည်းမယား၊သား၊သမီး​ပေါ်တာဝန်​​ကျေတတ်​သူ
-မိမိ၏မိသားစု​ပြေလည်​​စေရန်​အ​ရေးပိုင်​မင်း​ပေါ်ခစားရ​သော်​လည်းမျိုးချစ်​စိတ်​ရှိသူ
မောင်​မြတ်​သာ
-ငယ်​စဉ်​ထဲကမိခင်​ရင်း​သေ​သော်​လည်း​ဒေါ်ပန်းရုံဆို​သောမိ​ထွေးကိုမိခင်းရင်းကဲ့သို့ချစ်​​သောသူ
-​ဒေါ်ပန်းရုံမှ​မွေးလာ​သော " မအိမ်​ကံ " ကိုလည်းနှမ​လေးအရင်းကဲ့သို့​စောင့်​​ရှောက်​ချစ်​ခင်​သူ
-ချစ်​လွန်း၍ " ကံက​လေး " ဟူ၍ပင်​အဖျားဆွတ်​​ခေါ်ကာမိမိနှမလိုကျလိုက်​​နေ​သောသူ
-ဖခင်​၏သူကြီးအလုပ်​ကိုမနှစ်​သက်​​သော​လည်း မိမိဖခင်​ဖြစ်​​သော​ကြောင့်​​လေးစားမှု​ပေး​သောသူရဲ့ဟန်​ပန်
ကဲ ----- လာပါပီ အဓိကဇာတ်​​ကောင်​ "မအိမ်​ကံ "
မွေးဖွားလာကတည်းက ရွာမာထူးခြားဖြစ်​စဉ်​ကိုရှိ​စေခဲ့သူ
ကွမ်း​တောင်​​ကိုင်ဘ၀​ကိုမက်​​မော​သောမိန်းမ​ချောတစ်​​ယောက်
စကားနည်းပြီးအရှိန်​အ၀ါကြီး​သောသူ
ဝတ္ထုထဲမာ ​ကျေးလက်​​ဒေသ၏စကားလှလှ​လေး​တွေ ၊ ​ခေတ်​အ​ခြေအ​နေမ​ကောင်း၍ အစိုးရမင်း​ပေါ် ခစားခဲ့တာ​တွေ ၊ ရက်​ကန်းရက်​မှသာမိန်းမသားဘ၀​ကောင်းခဲ့​တာ​တွေ၊
အထူးခြားဆုံးက​တော့ ပဲ​မှော်​တိုက်​ဆိုတဲ့အိမ်​ကြီးအ​ကြောင်းပါ
ဖြစ်​ရပ်​မှန်​ဇာတ်​လမ်းကို​နောက်​​ကျောခံ​ရေးထားတဲ့ဝတ္ထု​ကောင်းပါ ဖတ်​​ကောင်းနိုင်​ရန်​ရည်​ရွယ်​လျှက်

📚📚
https://mm1ink.net/8fldFTAM




ကောင်းသန့် - ခရောင်းလမ်းမှပန်းနှင်းဆီ

📚📚
https://mm1ink.net/xM53uo




လုံမ - အစိမ်းသက်​သက်

📚📚
https://mm1ink.net/VfLnV




မိုးနီလွင်​ - မင်းထားခဲ့သည့်​​နေ့မှစ၍

📚📚
https://mm1ink.net/eveSMDh




Sunday, August 25, 2019

❤️ဆုံနေရက်နဲ့လွမ်းလေခြင်း❤️

“ဆုံနေရက်နဲ့လွမ်းလေခြင်း” သည် ဆရာမဂျူး၏ နာမည်ကျော်ဝတ္ထုတစ်ပုဒ်ဖြစ်သည်။လူတော်တော်များများလည်း ဖတ်ဖူးလိမ့်မည်။တစ်ခါတလေမှာ အချို့စာအုပ်များသည် နှစ်အနည်းငယ် ကွာပြီးပြန်ဖတ်ကြည့်မိသည့်အခါ ပထမအကြိမ်က ဖတ်ခဲ့ရသည် အရသာခံစားချက်မျိုးနှင့်မတူတော့ဘဲ စာရေးသူရဲ့အမြင်သဘောထားကို ပိုသိနားလည်လာရသည်။

စာအုပ်ခေါင်းစဉ်ကို “ဆုံနေရက်နဲ့လွမ်းလေခြင်း”ဟုအမည်ပေးထားသည်အတွက်ပေါင်းဖက်ရမည်ဇတ်လမ်းမဟုတ်တာတော့သေချာသည်။ “သေကွဲကွဲမလား ရှင်ကွဲကွဲမလားပေါ့”။
ဆရာမ  ဂျူး ရဲ့ထုံးစံအတိုင်း မမနဲ့မောင် ဇတ်လမ်းဖြစ်သည်။ဇတ်ကောင်နှစ်ဦးဖြစ်တဲ့ အင်ကြင်းဝေ နှင့် မောင်သက်ဝေ တို့သည် နာမည်တစ်လုံးဆင်တူကြသည်။မမ သည် မောင်ထက် ၇ နှစ်ကြီးပြီး မမ က မောင်ကိုငယ်ကတည်းက သနားစိတ်နှင့်မေတ္တာတွေပေးကာ ဘုန်းကြီးကျောင်းသား မောင်ရဲ့အနာဂါတ်ကို ပြောင်းလဲပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။မောင်ကို ပညာတတ်ကြီးဖြစ်စေချင်သောကြောင့် အင်္ဂလိပ်စာတွေ သင်ပေးသည် ရသစာပေတွေ ပေးဖတ်ခဲ့သည်။အင်္ဂလိပ်စာ သင်ပေးတိုင်း မောင်သည် အမြဲ ကလန်ကဆန် လုပ်ကာ "မမနဲ့မောင်က အင်္ဂလိပ်တွေမှ မဟုတ်တာမြန်မာတွေဘဲ မြန်မာလိုပြောကြရအောင်"ဟု အမြဲပြန်ပြောတတ်သည်။

မောင် သည် မမ အပေါ် အရမ်းတွယ်တာသည်။ဘုန်းကြီးကျောင်းသားတစ်ကောင်ကြွက်ဖြစ်သောကြောင့် ငယ်ကတည်းက မမ ကို အမအရင်းတစ်ယောက်လိုချစ်သည်။မမ အပေါ်မှာဆိုးခဲ့သည်။အမြဲလိုလိုပြန်ပြောတတ်သော်လည်း မမ စကားကို တော့နားထောင်ခဲ့သည်။မမကိုအမြဲတွေ့ချင်သည် မမအနားမှာအမြဲနေချင်သည်။မမသည် မောင်ရဲ့ တစ်ဦးတည်းသော ယုံကြည်အားကိုးရာဖြစ်ခဲ့သည်။

အချိန်တွေကြာလာ အသက်တွေကြီးလာသောအခါ မောင်နှမအချစ်ကနေ တဖြေးဖြေးသံယောဇဉ်တွေကြီးပြီးစိတ်တွေပြောင်းလဲလာခဲ့ကြသည်။မမ သည်အကြီးဖြစ်သောကြောင့် အမြဲထိန်းထိန်းသိမ်းသိမ်းနေခဲ့ကာ "ကလေးမုန့်ပေးကြိုက်တယ်"ဆိုတဲ့ စကားပုံကိုအမြဲနှလုံးသွင်းခဲ့သည်။ချစ်တာတော့ မောင်ကိုအရမ်းချစ်ခဲ့သည်။မောင်မွေးနေ့ရောက်တိုင်း အမြဲလို လက်ဆောင် ဝယ်ပေးခဲ့သည်။မောင်ကလည်းမွေးနေ့တိုင်းသူလက်ဆောင်ကို လာတောင်းသည်။မောင် သည် မမ ကို ငယ်ကတည်းက လာဗန်ဒါ ပန်း ခြံလေးစိုက်ကာ လက်ဆောင်ပေးမည်ဟု အမြဲလိုပြောခဲ့သည်။မောင် စိတ်ကူးထဲမှာ လာဗန်ဒါ ပန်းခင်းထဲ ပျော်နေသည် မမ မျက်နှာကို မြင်ချင်ခဲ့သည်။မမ သည်လည်း မောင်အတွက်ဆို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ပေးမည်။ ဒီလိုတစ်ယောက်နှင့်တစ်ယောက် အရမ်းချစ်နေကြတဲ့ ချစ်သူတွေ။အစစအရာရာပြီးပြည့်စုံသည်။

ပထမအကြိမ် စဖတ်တုန်းက ဆရာမ ဂျူး ကို မကျေမနပ်ဖြစ်မိသည်။ဆရာမသည်ရက်စက်သည် ဟုထင်ခဲ့သည်” ဘာလို့ မမနဲ့မောင်ကို ခွဲပစ်ရတာလဲ " အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ရက်နဲ့ ရှင်ကွဲ ခွဲခဲ့ရသည်။ပြီးတော့ကွဲကွာဖို့ကိုလည်း သူတို့ကိုယ်တိုင်ရွေးချယ်ခိုင်းခံခဲ့ရသည်ဆိုကာ ဆရာမအပေါ် အပြစ်တင်ခဲ့မိသည်။နှစ်တွေကြာလာပြီး နောက် ဆရာမ အပေါ်နားလည် လာခဲ့သည်။ဒင်္ဂါး တစ်စေ့သည် တစ်စေ့ထဲဖြစ်သော်လည်း ဘက်မတူကြ ခေါင်းနဲ့ပန်း ဖြစ်ရသည်။အတူပေါင်းစပ်ဖို့မဖြစ်နိုငိကြပေ။

"ဆုံနေရက်နဲ့လွမ်းရလေခြင်း"ဆိုသော သဘောကို နားလည်လာသည် စွန့်လွှတ် ရခြင်းရဲ့အရသာကိုသိလာသည်။ “အင်း “ဆိုတဲ့အဖြေနဲ့ “ဟင့်အင်း “ဆိုသည် အဖြေနှစ်ခုရဲ့ ခြားနားမှုကြောင့် ဘဝတစ်ခုလုံးပြောင်းလဲသွားနိုင်တဲ့ တစ်ခဏ မှော်ဝင်ချိန်လေးကို သတိရနေမိတယ် ဟု သုံးနှုန်းထားသော စကားလုံးများသည် လှပကျစ်လစ်သည် နှလုံးသားတွေကို ကိုင်လှုပ်နိုင်စွမ်းသည်။ပေါင်းဖက်လို့မရတဲ့ဘဝနှစ်ခု စွန့်လွှတ်ရခြင်းရဲ့ အရ သာကို မြင်အောင်

"နှမြောတာ့ နှမြောတာပေါ့။ဒါပင်မဲ့ လေတံခွန်တစ်ခုရဲ့ဘဝက ကောင်းကင်မှာသာရှိတာကိုး။ဘီးလုံးနားမှာ အပ်ချည်နှောင်ကြိုးနဲ့ပြားကပ်ပြီး လွှတ်တင်မဲ့လူကို စောင့်မျှော်နေရတာ ဘယ်လောက်များ အဓိပ္ပါယ်မဲ့လိုက်မဲ့ဘဝ လဲ။သွားပါစေ။လွတ်လွတ်လပ်လပ် ယိမ်းခါလှုပ်ရှားရင်း၊ပျံဝဲရင်း၊ မျက်စိအောက်ကနေပျောက်ကွယ်သွားမယ့် လေတံခွန်လေးကို ဂုဏ်ယူစိတ်တစ်ဝက်၊နှမြောတမ်းတစိတ်တစ်ဝက်နဲ့ ကျေနပ်ပြီး လွမ်းကျန်ရစ်ခဲ့တဲ့ အရသာကို ကိုယ်က ကြိုက်တယ်လေ"

ဟု ရေးဖွဲ့ထားသည်။
ဆရာမ ဂျူး ရဲ့ စာအုပ်ပေါင်းများစွာအနက် ဤ စာအုပ်သည် ကျွန်တော် အကြိုက်ဆုံးစာအုပ်ဖြစ်သည်။သတိရတိုင်း ဖတ်ဖြစ်သည်။ပထမအကြိမ် ဖတ်ပြီးသူများကော မဖတ်ရသေးသူများ အတွက် "ဆုံနေရက်နဲ့လွမ်းရသည်" အဖြစ်တွေ ရှိခဲ့လျှင် ဤစာအုပ်ကိုဖတ်စေချင်သည်။မဖတ်ရသေးလျှင် ဖတ်ပြီး လာဗန်ဒါ ပန်းနှင့်အရမ်းချစ်ခဲ့ကြသည် ချစ်သူနှစ်ယောက် အကြောင်းကို သိစေချင်သည်။ဖတ်ပြီးလျှင် တော့လာဗန်ဒါ ပန်းခင်းကြီးထဲမှာပျော်မြူးနေတဲ့ မိန်းကလေး တစ်ယောက်နဲ့ မိန်းကလေးကို အရိပ်လို စောင့်ကြပ်နေတဲ့ ကောင်လေး တစ်ယောက်ကို မြင်ယောင်ကြပါလိမ့်မည်။

📚📚
https://mm1ink.net/DyHA8






လူ​အာင်-၀မ်းတွင်း - ​​ပေါ​မောက္ခချုပ်​ မိတ်​ဆက်​ (၁+၂)

📚📚
https://mm1ink.net/WvySM




သူ​ဝေး - သူ​မေ့​နေတဲ့သစ်​ပင်

📚📚
https://mm1ink.net/nfHxUzZj




Thursday, August 22, 2019

အရိပ်မဲ့ ရုပ်ပုံလွှာ - တင်မောင်မြင့်

ဒီဝတ္ထုကို 1981 June 7 မှာ
အဇ္ဇရေးလေတပ်က
အီရတ်မှာရှိတဲ့
"တာမုဇ်" အဏုမြူဓာတ်ပေါင်းဖိုကို
ဗုံးကြဲခဲ့တဲ့
အဖြစ်မှန်နဲ့ စဖွင့်ထားပါတယ်။

ကမ္ဘာကျော်စစ်မြေပြင်သတင်းထောက်
ဒေးဗစ်မွန်ဂျာဟာ
ဗီယက်နမ်စစ်မြေပြင်မှာ
ကြုံခဲ့ရတဲ့ အဖြစ်ဆိုးတခုကြောင့်
လူ့အသိုင်းအဝန်းမှ
ဖယ်ခွါပြီး ဇာတ်မြှူပ်နေခဲ့ပါတယ်။

ဒါပေမယ့်
အကြောင်းတခုက
ဒေးဗစ်မွန်ဂျာကို
လူ့လောကထဲ
ပြန်ရောက်စေရုံမက
မော့ဒ်ဆက်အေးဂျင့်တယောက်ဖြစ်အောင်
တွန်းပို့ခဲ့ပါတယ်။

စီအိုင်အေ, ပြင်သစ်ထောက်လှမ်းရေး,
အီရတ်ထောက်လှမ်းရေး, မော့ဒ်ဆက်
စတာတွေနဲ့
ဇာတ်အိမ်ကို
စစ်တုရင်ကစားပွဲတခုလို
တန်စာဆင်ထားပြီး
ဆရာတင်မောင်မြင့်ရဲ့
ဘာသာပြန်လက်ရာအတိုင်း
အချစ်တရားရဲ့
နူးညံ့မှူ
ရဲရင့်မှူ
စွန့်လွှတ်မှူ
စွန့်စားမှူတွေကို
မြင်တွေ့ရမှာပါ။

သဲထိတ်ရင်ဖို
အချစ်ဝတ္ထုလို့ပြောရင်ရသလို
ထောက်လှမ်းရေးနောက်ခံ
အချစ်ဝတ္ထုလို့
ပြောရင်လည်း
ရမှာပါ။

📚📚
https://mm1ink.net/atLp




မြသန်းတင့် - ဧကရာဇ်တို့၏ဘဏ္ဍာတိုက်များ

📚📚
https://mm1ink.net/lC9GQ




နန္ဒာသိန်းဇံ - သမုဒ်ပင်လယ်ပြာနှိုင်းပမာ

📚📚
https://mm1ink.net/bVtty




Monday, August 19, 2019

ဟာရိုးရော်ဘင် (Harold Robbins) ရေးပြီး အထောက်တော်လှအောင် ဘာသာပြန်ခဲ့တဲ့ ရှစ်စပ်က ဂျင်ခြေလည်သူ (The Carpetbaggers) စာအုပ်ဟာ ယနေ့အချိန်အထိ ကမ္ဘာပေါ်မှာ စာဖတ်သူအများဆုံး စာအုပ်တွေထဲက နံပါတ်၎ နေရာမှာရှိတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အနောက်တိုင်းနာမည်ကျော်စာရေးဆရာတွေက များသောအားဖြင့် သူတို့ဖန်တီးတဲ့ဇာတ်လမ်းတွေကို လူတွေ အထူးစိတ်ဝင်စားအောင် နဲ့ စာအုပ်ရောင်းအားကောင်းအောင်လုပ်တဲ့နေရာမှာ စာအုပ်ထဲကဇာတ်လိုက်တွေကို အပြင်မှာတကယ်ရှိတဲ့ နာမည်ကျော်ကြားလူသိများသူတွေနဲ့ ကိုယ်စားပြု ဇာတ်အိမ်ဖွဲ့ပြီးရေးလေ့ရှိကြပါတယ်။ ဒီစာအုပ်ထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျိုနပ်စ်ကော့ ဂျူနီယာ ဆိုတာ နာမည်ကျော်အမေရိကန်သူဌေးကြီး (Howard Hughes) ဟောင်းဝပ်ဟူးစ် ဘဝကို စံထားပြီး ရေးထားတာပဲဖြစ်တယ်။ သန်းပေါင်းများစွာကြွယ်ဝတဲ့ သူ့အဖေရဲ့ စီးပွားရေးလုပ်ငန်းတွေကို အသက်၁၈နှစ်ကစလို့ အမွေ ဆက်ခံခဲ့တဲ့ ဟောင်းဝပ်ဟူးစ်ဟာ လေယာဉ်ပျံ ပေါ်ဦးစကတည်းက လေယာဉ်စက်ရုံတွေ တည်ထောင်ခဲ့ပြီး လေယာဉ် ဒီဇိုင်းအသစ် အမျိုးမျိုးကိုလည်း ထုတ်လုပ်ခဲ့ပါတယ်။ သူ့ကိုယ်ပိုင်စက်ရုံက တီထွင်ထားတဲ့ လေယာဉ်တွေ ကိုယ်တိုင်စမ်းသပ်မောင်းနှင်ပြပြီး အမောင်းစံချိန်သစ် တင်နိုင်ခဲ့တဲ့ စွန့်ဦးစွန့်စားလိုစိတ်ရှိသူ တစ်ယောက် ဖြစ်တယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ  ထုတ်လုပ်သူလည်း လုပ်ခဲ့ပြီး ဟောလိဝုဒ်က နာမည်ကြီး မင်းသမီးချောများနဲ့ ထည်လဲတွဲ ရည်းစားများသူ မိန်းမပွေသူ ရှုပ်သူ အဖြစ် နာမည်ကြီးခဲ့ပါတယ်။

မြန်မာမှာ ကုဋေရှစ်ဆယ် သူဌေးသားဆိုတဲ့ ပုံပြင်လေး ရှိပါတယ်။ အဲ့ဒီပုံပြင်မှာ မိဖတွေဆုံးပါးသွားတော့ အမွေမြောက်မြားစွာရခဲ့တဲ့ သူဌေးသားဟာ အတတ်ပညာဘာမှမရှိ ဘာအလုပ်ကိုမှလည်း မည်မည်ရရ ကြိုးစားမလုပ် ဘေးနားမှာရှိတဲ့ မြှောက်စားပေါင်းစားသူတွေရဲ့ဒဏ်နဲ့ နောက်ဆုံးတော့ လမ်းဘေးမှာ ဆင်းရဲငတ်ပြတ်ပြီး သေဆုံးသွားတယ်။ ဟောင်းဝပ်ဟူးစ်လည်း သူ့အသက် ၁၈နှစ် ပညာမစုံသေးခင်မှာပဲ မိဖ၂ပါးလုံး ဆုံးရှုံးခဲ့ရတယ်၊ ဒါပေမဲ့ ပုံပြင်ထဲက ကုဋေရှစ်ဆယ် သူဌေးသားလို ထင်သလို ပျော်ပါးသောက်စားသက်သက်နဲ့ ဘဝကို ရေစုန်မျှောမပစ်ပဲ စီးပွားရေးလုပ်ငန်းပေါင်းစုံ တည်ထောင်ပြီး ဒီထက်မက ချမ်းသာကြွယ်ဝအောင် စွမ်းဆောင် ကြိုးစားလို့ သူ့ကိုယ်ပိုင် အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ရိုဘင်ရဲ့ဇာတ်ကောင် ဂျိုနပ်စ်ကော့ဟာလည်း သူ့ အသက် ၁၈နှစ်မှာ မိဖတွေ ဆုံးပါးပြီး တစ်ကောင်ကြွက်ဖြစ်ခဲ့ပေတဲ့ တစ်ပါးသူရဲ့ ချုပ်ကိုင်မှုကို မခံ၊ မြှောက်ပင့်မှုတွေကို အရေးမထား၊ ဘဝကို အရှုံးမပေးပဲ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင် အံတုခဲ့တာတွေ၊ ငွေရဖို့အတွက်ဆို ဘယ်သူ့ကိုမှမညှာနိုင် ဘီလူးစီး စီးသလို အချင်းချင်းလည်လှီးခုတ်ထစ်ပြီး လောဘဇောတိုက်နေကြတဲ့ အမေရိကန်စီးပွားရေးလောကကို ခိုင်မာတဲ့စိတ်ဓါတ်၊ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့ ဘယ်လိုအံတုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာတွေ အားကျအတုယူဖွယ်ရာ ဇာတ်လမ်းဖွဲ့ရေးသားထားပါတယ်။

ဂျိုနပ်စ်ကော့အပြင် စာဖတ်သူတွေကို ဆွဲဆောင်သွားတဲ့ တခြားအဓိကဇာတ်ကောင်တွေကတော့ သူငယ်စဉ်ကတည်းက သူ့ကိုသားအရင်းလို ချစ်မြတ်နိုး ပြုစုစောင့်ရှောက်ခဲ့တဲ့ နီဗားဒါးစမစ်၊ ဂျိုနပ်စ်ဘဝမှာ တစ်သက်တာလုံး အတွက် ချစ်မြတ်နိုးခဲ့ရတဲ့ ချစ်ဦးသူ ဒါပေမဲ့ သူ့မိထွေးဖြစ်သွားတဲ့ ရီနာမာလိုး၊ ရိုးသားကြိုးစားတဲ့ ဂျူးလူမျိုး ဒေးဗစ်ဝုဖ်နဲ့ အတ္တကြီးမားလွန်းတဲ့ ရုပ်ရှင်ထုတ်လုပ်သူ သူ့ဦးလေးနော်မန်၊ ဘဝအမှောင်ထဲ မမျှော်လင့်ပဲရောက်ရာက နာမည်ကျော် ရုပ်ရှင်မင်းသမီး ဖြစ် အဲဒီကနေ ဘဝဟောင်းရဲ့အရိပ်မဲကြောင့် အေးချမ်းတဲ့ သာသနာပြု သီလရှင်ဘဝကို ကူးပြောင်းသွားတဲ့ သနားစရာကောင်းလှတဲ့ ဂျင်နီဒင်တန်။

ဒီစာအုပ်မှာ အနောက်တိုင်းက နာမည်ကျော် ဇာတ်လမ်းတွေရဲ့ သဘောသဘာဝအရ မိန်းမကိစ္စ အညှီအဟောက်တွေနဲ့ ရက်စက်တဲ့လက်စားချေမှုတွေ စသဖြင့် ကိုယ့်မြန်မာ့ယဉ်ကျေးမှုမျက်စိနဲ့ မကိုက်ညီတဲ့ ဇာတ်ကွက်တွေတော့ တွေ့ရမှာပဲ၊ ဒါပေတဲ့ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်စရိုက် ပီပီပြင်ပြင် နိုင်နိုင်နင်းနင်းရေးသားနိုင်မှု အတတ်ပညာကို စာရေးချင်တဲ့သူတွေ လေ့လာနိုင်သလို၊ လူငယ်တွေအတွက်တော့ စီးပွားရေးမှာ ကိုယ့်အားကိုယ်ကိုးပြီး စွမ်းစွမ်းတမံ ဘယ်လိုမျိုး ကြိုးစားအားထုတ်မှုတွေ လုပ်ရမယ်ဆိုတာတွေ အတုယူအားကျစေနိုင်ပါတယ်။ ကိုယ့်စီးပွား ငွေတစ်မျက်နှာအတွက် ကိုယ့်သွေးရင်းသားရင်းကိုမှ မညှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ချင်တာတွေ၊ မိမိ အာဏာတည်မြဲရေးအတွက် တခြားသူတွေရဲ့ဘဝကို နင်းခြေသွားရက်တာတွေ... စတဲ့ လောဘ ဒေါသ မောဟတွေရဲ့ ဆိုးယုတ်မှုတွေကိုလည်း ကြည့်တတ်ရင် တွေ့နိုင်ပါသေးတယ်။ ဆရာမြဟောပြောဖူးတဲ့ ရပ်စကင်းရဲ့စကားလိုပဲ စာတစ်အုပ်မှာ ပါနေတာ ရွှေတွေချည်းပဲလည်း မဟုတ်ဘူး၊ ကျောက်ဖြုန်းတွေချည်းပဲလဲ မဟုတ်ဘူး၊ ဒီတော့ စာတစ်အုပ်ဖတ်တဲ့အခါ အဲ့ဒီထဲက မလိုတဲ့ ကျောက်ဖြုန်းတွေကိုဖယ် ကိုယ့်အတွက် အကျိုးရှိစေနိုင်တဲ့ အဖိုးထိုက်တန်တဲ့ ရွှေကိုသာမြင်ပြီး ယူတတ်ရမယ်။

ကျွန်မ အသက်၁၈နှစ်လောက်က ဒီစာအုပ်ကို ပထမဦးဆုံး ဖတ်ခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာကြာပြီးမှ နောက်တစ်ခေါက်ပြန်ဖတ်တော့ အံ့သြစရာ ကျွန်မ မမေ့မလျော့ မှတ်မိနေတဲ့ ဇာတ်ကောင်ဟာ အဓိက ဇာတ်ကောင် ဂျိုနပ်စ် မဟုတ်ပဲ နီဗားဒါးစမစ်၊ ဒေးဗစ်ဝုဖ်နဲ့ ဂျင်နီဒင်တန် တို့ပဲ ဖြစ်တယ်။ ရီနာကိုလည်း သနားစရာကောင်းတဲ့ ဇာတ်ရုပ်အဖြစ်ကလွဲလို့ သူ့အကြောင်းက ခေါင်းထဲ အမှတ်ထင်ထင် မကျန်ရစ်ဘူး။

နီဗားဒါး စမစ်က လူဖြူအဖေ ရက်အင်ဒီယန်းအမေ တို့က မွေးဖွားလာသူ  ဇွဲသတ္တိ ခွန်အား အပြည့်နဲ့ ရဲရင့်တဲ့ လူငယ် တစ်ယောက်ဖြစ်တယ်၊ တစ်နေ့ သူ့အဖေနဲ့ အမေကို သတ်မဲ့လူဆိုးတွေကို လူဆိုးတွေမှန်း မသိပဲ သူကိုယ်တိုင် သူ့အိမ်သွားတဲ့လမ်း ပြမိလိုက်တယ်။ အဲ့ဒီလူဆိုးတွေကို သူ့လက်နဲ့ ပြန်လက်စားချေခဲ့ပြီးနောက် ဝရန်းပြေးဖြစ်တဲ့အခါ သူ့ နောက်ကြောင်းကို ဖျောက်ဖျက်လိုက်ပြီး ဂျိုနပ်စ် အဖေဆီမှာ အလုပ်ဝင်လုပ်ရင်း ဂျိုနပ်စ်ကို သားအရင်းလို ပြုစု စောင့်ရှောက်ခဲ့သူဖြစ်တယ်။ နီဗားဒါးစမစ်က လူဆိုးတွေကို ပြန်သတ်တဲ့ အခန်းမှာ ကျွန်မဟာ လူငယ်ပီပီ လူငယ်တို့ရဲ့ မဟုတ်မခံတတ်တဲ့စိတ်နဲ့  လက်ခုတ်လက်ဝါးတီးပြီး အားပေးခဲ့ဖူးတာ မှတ်မိနေပါတယ်။ ခုချိန်ထိ မမေ့မလျော့ ရှိနေတဲ့ စကားတစ်ခွန်းက နီဗားဒါးစမစ်ရဲ့အမေကို လူဆိုးတွေက အင်ဒီယန်း အရေဆုတ်ဖို့ အရှင်လတ်လတ် ကိုယ်ကို ဓါးနဲ့ခွဲတော့ မိန်းမပေမဲ့ လူဆိုးတွေကို ဘာမှတောင်းပန်ငိုယိုနေတာတွေ မလုပ်ပဲ သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ပြောလိုက်တဲ့ စကားတစ်ခွန်းပါပဲ၊ အဲဒါကတော့ ... " ကျွန်မ မကြောက်ပါဘူး၊ သူတို့ အကုသိုလ်နဲ့ သူတို့ သွားကြမှာပါ " ။ ကျွန်မဟာ သတ္တိရှိတဲ့ မိန်းမတွေကို အစဉ်အမြဲ လေးစားတယ်။

ဒုတိယ ကျွန်မမှတ်မိနေတဲ့ ဇာတ်ကောင်တစ်ယောက်ကတော့ ဒေးဗစ်ဝုဖ်ပဲဖြစ်တယ်၊ ဒေးဗစ်ဝုဖ်က ဂျူးလူမျိုး၊ သူ့ အဖေနဲ့ အမေ ဂျာမဏီကထွက်ပြေးလာပြီး အမေရိကန်ရောက်မှ သူ့ကိုမွေးခဲ့တယ်၊ သူ့အဖေဟာ အဝတ်ဟောင်းရောင်းသူ အဖြစ် ခက်ခက်ခဲခဲ အသက်မွေးရတယ်၊ အဲ့ဒီအချိန် သူ့အမေရဲ့ အစ်ကို ဖြစ်သူ ဦးလေး နော်မန်က ဂျာမဏီကနေ အစောကြီးကတည်းက ထွက်ပြေးလွတ်မြောက်သွားခဲ့လို့ အမေရိကန်ရုပ်ရှင်လုပ်ငန်းမှာ သန်းကြွယ်သူဌေးဖြစ်နေပြီ။ သူဌေးမဖြစ်ခင်ကတော့ သူ့အဖေရဲ့ မရှိမဲ့ရှိမဲ့ အဝတ်ဟောင်းရောင်းရတဲ့ ငွေထဲက ဦးလေးနော်မန်ကို ထောက်ပံ့ခဲ့ဖူးပေတဲ့ သူ သူဌေးဖြစ်တဲ့အခါ ဒေးဗစ်အလုပ်တောင်းတာတောင် မပေးချင်ပဲ နောက်ဆုံး မတတ်သာတော့မှ ဘယ်သူမှ မသွားချင်တဲ့ ကုန်လှောင်ရုံတစ်ခုမှာ ခွေးစားစား နွားစားစားဆိုပြီး အလုပ်ပေးခဲ့တယ်။ ဒေးဗစ်က ဉာဏ်ကောင်းတယ်၊ လာဘ်မြင်တယ်၊ စီးပွားရေးအမြင်ရှိတယ်၊ သတ္တိရှိတယ်၊ ကျွန်မသဘောအကျဆုံး မမေ့နိုင်တဲ့ ရင်တထိတ်ထိတ်နဲ့ ဖတ်ခဲ့ရတဲ့ ဇာတ်ကွက်တစ်ခုကတော့ သူ့ဦးလေးရဲ့ ကုန်တိုက်ကို ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ လောဘကြီးတဲ့ ပလက်ဖောင်းလူကြီးရယ်၊ ထင်သလို ချယ်လှယ်နေတဲ့ ဖိုမင်ရယ် အလုပ်သမားတွေနဲ့ရယ်ကို သူရင်ဆိုင်ဖြေရှင်းခဲ့တာတွေကိုပဲ။

ရင်နာနာနဲ့ မှတ်မိနေတဲ့ နောက်ဇာတ်ကောင်တစ်ယောက်အကြောင်းကတော့ သနားဂရုဏာသက်စရာကောင်းလှတဲ့ ဂျင်နီဒင်တန်နဲ့သူ့အဖေတို့ရဲ့ ချစ်ခြင်းမေတ္တာပဲ ဖြစ်တယ်။ ဆင်းရဲလှတဲ့ မျက်နှာမွဲ သားအဖတတွေ ဒုက္ခရောက်ပြီး ကူသူမဲ့ဖြစ်ခဲ့ပုံတွေ၊ ဂျင်နီ မတရားစော်ကားခံရမှန်းသိသိကြီးနဲ့ အကျင့်စာရိတ္တကောင်းမွန်တယ်ဆိုတာလည်း ယုံကြည်ပါလျက်ကနဲ့ သူ့ရဲ့ဆရာတွေဖြစ်တဲ့သီလရှင်တွေကအစ၊ သူတို့တွေ ယုံကြည်လေးစားစွာ ကိုးကွယ်ခဲ့တဲ့ဘုန်းတော်ကြီးပါမကျန် ဘယ်သူကမှ သူတို့ဘက်မှာ ရှိမနေခဲ့ဘူး။ သာသနာပြု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့သူပဲ ဖြစ်ဖြစ်၊ လူသားတွေရဲ့စိတ်ထားမြင့်မြတ်လာအောင် တရားဟောနေပါဆိုတဲ့ဘုန်းတော်ကြီးပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ လူဆိုတာ ငွေရှိသူ အာဏာရှိသူ မျက်နှာဖက်ကိုသာ လိုက်ပါချင်တတ်တဲ့ အကျင့်ရှိသူတွေပါလားဆိုတာ နားလည်မိတော့တယ်။

ဒီဇာတ်ကောင်တွေကို မမေ့မလျော့ ထူးထူးခြားခြား ကျွန်မ မှတ်မိနေတာ အကြောင်း တစ်ခုထဲကြောင့်ပါပဲ။ ကျွန်မက မကြောက်တတ်တဲ့သူတွေ (no fear) ကို သဘောကျလေ့ရှိတယ်၊ လောကမှာ မကြောက်တတ်ဖို့ဆိုတာ မှန်မှန်ကန်ကန်ရပ်တည်တဲ့လူ (upright) ဖြစ်ဖို့လိုပါတယ်။

စာ အညွှန်းလဲ ရှည်နေပြီဆိုတော့ စာအုပ်နာမည်လေး အကြောင်း ခံစားမိသလို ပြောပြီး နိဂုံးချုပ်ပါမယ်နော်။ ဟာရိုးရော်ဘင် (Harold Robbins) က သူ့စာအုပ်ကို ပေးထားတဲ့ နာမည် Carpetbaggers ရဲ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ ကိုယ့်နယ်မဟုတ်တဲ့ စီးပွားရေးနယ်ပယ်သစ်ကို ချဲ့ထွင်သူ ဒါမှမဟုတ် စီးပွားရေးကို အောင်မြင်အောင် မျိုးစုံလုပ်သူ လို့ ခပ်တိုတိုပြောရမယ်နဲ့ တူတယ်။

ဆရာအထောက်တော်လှအောင်ရဲ့ စာအုပ်နာမည်လေးကို ပိုသဘောကျမိပါတယ်၊ ရှစ်စပ်က ဂျင်ချေလည်သူ တဲ့...။ တောင်သူဦးကြီးတွေ လယ်ထွန်တဲ့အခါ ထွန်တုံးမှာတတ်ထားတဲ့ ထွန်သွားနဲ့ အရပ်ရှစ်မျက်နှာ အသွားအပြန် လွန်းထိုးပြီး ထွန်ရေးညက်တဲ့အထိ နှံ့စပ်အောင် ထွန်ရပါတယ်။ အဲ့ဒီ ထွန်သွားက မြေကြီးကို ယက်တဲ့အခါ ဂျင်လည်သလိုမျိုး လည်နေတာပေါ့၊ မွမွညက်ညက်ဖြစ်တဲ့ လယ်ကို ရနိုင်ဖို့ အဲ့ဒီဂျင်လေးက လယ်အစပ် ရှစ်စပ်ကို နှံ့အောင်ရောက်နေသလို အရာရာနှံ့စပ်တဲ့သူ ကျွမ်းကျင်လည်ပတ်တဲ့သူကို ရှစ်စပ်ကဂျင်ခြေလည်သူလို့ မြန်မာတွေက ခိုင်းနှိုင်းပြီးပြောကြပါတယ်။ နောက်တစ်ခုက အလုပ်အလွန်များတာကို ဂျင်ချေလည် လို့ မြန်မာအဘိဓါန်က ဖွင့်ဆိုပါတယ်။

📚📚

https://mm1ink.net/C6S6DEj






အောင်​​ဝေး - လ​ရောင်​တစ်​ခြမ်း

📚📚
https://mm1ink.net/F4BA0




ပေါ်ဦးသစ် - ကျွန်တော်ဖြတ်သန်းခဲ့သောလေးဖြူ

📚📚
https://mm1ink.net/HYIWwU




မင်းဘူးအောင်ကြိုင် - မြန်မာနိုင်ငံခေတ်အဆက်ဆက်ရှေးဟောင်းလက်နက်များ

📚📚
https://mm1ink.net/XEMYayR




Wednesday, August 14, 2019

ဝင်းဝင်းလတ်​ - အချစ်၏နောက်ဆက်တွဲစာမျက်နှာ

ဒီရက်ထဲ ကိုယ်လေးစားအားကျရတဲ့အစ်ကိုက
"ဝင်းဝင်းလတ်ဖတ်တော့" လို့ပြောလာလို့
သူညွှန်းပေးတဲ့ ဒီစာအုပ်လေးကိုဖတ်ဖြစ်ခဲ့တာပါ

အဖွင့်မှာပဲ မန်ကျည်းပင်တန်းနဲ့ အညာအငွေ့အသက်
စာအုပ်ရဲ့စာမျက်နှာတစ်ဆယ်ကျော်ပဲဖတ်ရသေး
စိန်ပန်းပင်လေးတွေအကြောင်းစပါလာတော့
ပိုစိတ်ဝင်စားသွားရတယ်။(ကြိုက်လို့လေ)
စိန်ပန်းတွေရဲ့ နီရဲတဲ့အလှနဲ့သတ္တိကို
ခင်ဦးနွယ်တစ်ယောက်ကြည့်ရင်း အားလျော့မှု့တွေကို
မာန်တင်းခဲ့ရတယ်ဆိုတဲ့အကြောင်းအရာလေး

"ခင်ပွန်းတစ်ယောက်ရဲ့ ဘုန်းကံကလည်း
ကြီးကျယ်ခမ်းနားလိုက်တာပါပဲ"

"ကွယ်လွန်သွားတာမဟုတ်တဲ့
ယောင်္ကျားတစ်ယောက်ရဲ့နာမည်ကို သုံးနေသမျှတော့
ဒီမိန်းမအပေါ်မှာ မိန်းမချင်းရဲ့ ယုံကြည်စိတ်ချမှု၊
တော်ရုံ ယောင်္ကျားသားတွေရဲ့ ထိန်းသိမ်းရှောင်ရှားမှုကို
ရနေနိုင်တယ်လေ"

မိန်းမတစ်ယောက်ရဲ့တန်ဖိုး၊ နေထိုင်မှုပညာ
မိခင်တစ်ယောက်ရဲ့အားမာန်တွေကို
အပြည့်အဝ တွေ့ရှိစေမယ့် စာအုပ်လေးပါ
ဘဝမှာသိမ်းထားသင့်တဲ့စာအုပ်လေးပါပဲ

မိန်းကလေးတစ်ယောက်ရဲ့နေထိုင်မှုပညာနဲ့ပက်သက်လို့
ဒီစာအုပ်က ဒုတိယမြောက်ဖတ်ဖြစ်တဲ့စာအုပ်ပါ
ပထမတစ်အုပ်က "သူမ"(ဂျာနယ်ကျော်မမလေး)

📚📚
https://mm1ink.net/fa0nw




မစန္ဒာ - ဆဋ္ဌဂံ

📚📚
https://mm1ink.net/3yEui




မင်းလူ - ​ခေါင်း​လောင်းထိုး​သောဝတ္ထုတိုများ

📚📚
https://mm1ink.net/cafeZ6v




လူ​နေ - အချစ်​ ကျွန်​​တော်​တို့ ရင်​ခုန်​စွာ အကျိုး​ဆောင်​​ပေးသည်

📚📚
https://mm1ink.net/jWkUANC




Saturday, August 10, 2019

မန်းဖိုးအေး(ဝါးခယ်မ) - တစ်ကျော့ပြန်ဖုန်ကျားရှင်

📚📚
https://mm1ink.net/Iw7avQd6




နီကိုရဲ
      မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များ

လူတိုင်းလူတိုင်းဆီမှာ    သိပ်ကို အချိုးအစားကျနပြီး  ခမ်းနားမြင့်မြတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တော့ အနည်းဆုံးရှိနေတတ်ကြတယ်ဗျ ။သူတို့ အချစ်အကြောင်းတွေ နားထောင်ရတာ  အရောင်အသွေး လှပပြည့်စုံပြီး  သိပ်ကို အချိုးအစားကျနတဲ့  ပန်းချီးကားတစ်ချပ်ငေးကြည့်ရသလိုပဲ ။
တစ်ချို့ဆို   ဖြူစင်တဲ့   အနစ်နာခံခြင်းတွေနဲ့ ကြေကွဲရင်နင့်စရာကောင်းလို့ ၊ တစ်ချို့ဆိုရင် အံ့သြဖွယ်တွေ့ဆုံခြင်းတွေနဲ့  အသေးစိတ်အဖြစ်အပျက်တွေက အမှတ်တရ နူးညံ့လို့ ၊ တစ်ချို့ကလည်း ယေညက်ျားကောင်း ပီသစွာ သစ္စာနဲ့ ကြေကွဲမှုကို သိမ်မွေ့စွာလဲလို့  ၊ပေါင်းဆုံခဲ့ကြတဲ့ သူတွေဆိုရင်လည်း ရဲရင့်တဲ့ စွန့်စားမှုမှာ နားလည်မှုတွေ အပြန်အလှန်ထုံးမွှန်လို့ပေါ့ ။

စာရေးဆရာ ဖော်ညွှန်းထားတဲ့ ရဲ့ဝင်း ဆိုတဲ့ ဇာတ်လိုက်မှာတော့  သူချစ်ရတဲ့ မကြည်ပြာရနဲ့  သူရဲ့ အချစ်ဇာတ်လမ်းဟာ  တခြားသူတွေလို  အချစ်ဇာတ်လမ်းမျိုးမဖြစ်ခဲ့ဘူး ။ ဘယ်သူ့ကို ပြန်ပြောပြပြ နားထောင်ရသူကို ပြုံးရယ်ခြင်းတွေနဲ့ အဆုံးသတ်သွားစေတဲ့ လွဲချော်မှုတွေနဲ့ ဖြစ်တည်နေတဲ့ အချစ်မျိုး ။

အချစ်ဦးကို  မမေ့ကြေး ကတိမပေးထားကြပေမယ့် မမေ့နိုင်ကြတဲ့ အဖြစ်မျိုး လူတိုင်းကိုယ်ဆီခံစားချက်ရှိမှာပါ ။
ရဲဝင်းဆိုတဲ့ ဇာတ်ကောင်ဟာလည်း  အချစ်ဦးဖြစ်တဲ့ မကြည်ပြာကို  ဘတ်စကားပေါ်မှာ  ကိုယ်ဝန်ကြီးနဲ့ တွေ့ဆုံလိုက်ရတဲ့ နောက်ဆုံးလွဲချော်မှုဟာ  ယာဉ်ထိန်းရဲ အဖမ်းခံရတဲ့ အထိ တိုက်ဆိုင်နေဆဲပါပဲ ။ မကြည်ပြာရဲ့  အမူအကျင့် အကြိုက် ကို တက္ကသိုလ် ကျောင်းသားဘဝကနေ ဝေးကွာသွားပြီး  ပြန်တွေ့တဲ့ အချိန်အထိ မှတ်မိနေသေးတဲ့  တစ်ဖတ်သတ်အချစ်ကို  စာရေးဆရာက  အလှအပဆုံးအဖွဲ့အနွဲ့တွေနဲ့ ဖော်ကျူးပြထားတယ် ။ ဘယ်လောက်များ လွဲချော်မှုတွေများတဲ့ အချစ်ဇာတ်လမ်းလဲဆိုရင်  သူများနဲ့ ရတဲ့ ကိုယ်ဝန်ကို မကြည်ပြာရဲ့ယောက်ျားအဖြစ် အထင်ခံရပြီး  ကလေးဖအေအဖြစ်အထင်ခံရတဲ့ အထိလွဲတာပါပဲ ။
( နံမည်ကြီး ထမင်းငတ် အီလည်လည် ခံစားချက်ကြီးနဲ့ ကိုရဲဝင်း )
ဒီစာအုပ်ကိုဖတ်လိုက်မိတော့  ဆယ်ကျော်သက် ငယ်ငယ်တုန်းက  ဘဝတွေကိုသတိရသွားတယ် ။ ဟာသနဲ့  ဘဝကို  အချိုးကျကျ သမအောင်ရေးပြထားတဲ့   စာရေးသူရဲ့ လက်ရာဟာ စာဖတ်သူကို ရယ်မောစေလိုက်  လေးနက်စေလိုက် ခံစားမှုကို ပေးစွမ်းပါတယ် ။

📚📚
https://mm1ink.net/EifB2cS








ဇော်ဇော်အောင် - ယုဇနမခင်ပျို

📚📚
https://mm1ink.net/zSRrJR7




Thursday, August 8, 2019

Fast 8 ထဲက Hobbs နဲ့ Shaw တို့ကိုပဲ သက်သက်တစ်ကားရိုက်ထားတဲ့ Fast and Furious Spinoff ရုပ်ရှင်တစ်ကားဖြစ်တဲ့ Hobbs and Shaw အတွက် Trailer ထွက်လာပါပြီ။ ကျည်လည်းမတိုး၊ superhuman strength ရှိတဲ့ villain ကိုနှိမ်နှင်းဖို့ ကြိုးပမ်းကြတဲ့ ကတုံး ၂ ကောင်ဖြစ်တဲ့ The Rock နဲ့ Jason Statham တို့ရဲ့ အက်ရှင် အဆန်းကြီးတွေကိုတွေ့ရမှာပါ။

📺📺
https://mm1ink.net/DM1ShI






Wednesday, August 7, 2019

ဦးလှဒင် - ဟားဗက်ကာဆင်၏ကြီးပွားရေးလမ်းညွှန်း

📚📚
https://mm1ink.net/K800v8



The god father 
ဂေါ့ဒ်ဖားသား { တက္ကသိုလ် နေဝင်း }

ဒီစာအုပ်ကို မဖတ်ဖူးသေးသူတွေ 
ရုပ်ရှင်ကို မကြည့်ဖူးသေးသူတွေ မာဖီးယားကို စိတ်ဝင်စားတယ်ဆိုရင်ဖတ်သင့်
ကြည့်သင့်ပါတယ်။

ဂေါ့ဒ်ဖားသားဟာ ကမ္ဘာကျော် လူဆိုးဂိုဏ်းကြီးဖြစ်တဲ့ " မာဖီးယား " ဂိုဏ်းအကြောင်းကို ရေးထားတာ။ ဂိုဏ်းအကြောင်းဆိုတာထက် မာဖီးယားဂိုဏ်းခေါင်းဆောင်ပိုင်းအကြောင်းကို ရေးထားတာဆိုရင် ပိုမှန်ပါမယ်။ အဓိကကတော့ ဂေါ့ဒ်ဖားသား လို့ သူတို့ဂိုဏ်းသားတွေ လေးစားခေါ်ဝေါ်ကြတဲ့ ခေါင်းဆောင်ကြီး ဒွန်ကော်လီယွန်အကြောင်းပါပဲ။ သူ့ရဲ့ စိတ်ထားတွေ ပြတ်သားပုံတွေ အလုပ်ကိုနိုင်နင်းပုံ တိကျပုံတွေ ရှေ့ကိုကြိုမြင်တတ်ပုံတွေကို ရေးပါတယ်။ ဖခင်အရင်းမဟုတ်ပေမယ့် ဖခင်တစ်ယောက်လို ကိုယ့်ဘဝကို စောင့်ရှောက်ပေးခဲ့သူကို သူတို့က" God Father " လို့ ခေါ်ကြတာပါ။

“Godfather” ဆိုတဲ့ မူလအဓိပ္ပာယ်ဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဖခင်အရင်းအပြင် ခေါင်းကိုင်ဖခင်အဖြစ် တရားဝင်စောင့်ရှောက်တဲ့ သဘောပဲဖြစ်ပါတယ်။ မူလ “The Godfather” ဝတ္ထုကြီးဟာ အလွန်ထူးခြားကောင်းမွန်တဲ့အတွက် နှစ်နှစ်အတွင်းမှာ စာအုပ်ရေ (၉) သန်း ရောင်းထွက်ခဲ့ပြီး The New York Times မဂ္ဂဇင်းရဲ့ရောင်းအားအကောင်းဆုံးစာရင်းမှာ ၆၇ပတ်ကျော် ရပ်တည်ခဲ့ပါတယ်။

မာဖီးယားဆိုတာက အီတလီ စစ္စလီကျွန်းသားတွေက ဖွဲ့ဆည်းထားတာ။ ခေါင်းဆောင်တွေ လူယုံတွေဆိုတာ အီတလီနွယ်ဖွားကိုပဲ ခန့်တယ်။ အီတလီယဉ်ကျေးမှုနဲ့ နေတယ်။ ဂိုဏ်းသားတွေရဲ့ စည်းမျဉ်းတွေ သူတို့ဂိုဏ်းအချင်းချင်း မသင့်ရာကနေ စစ်ပွဲကြီးတွေလို တိုက်ခိုက်ကြတာတွေကို ရေးထားပါတယ်။

ဒီစာအုပ်ကို ၁၉၆၉ မှာMario Puzoကရေးသားပါတယ်။ လူသားတွေ လကမ္ဘာပေါ် ပထမဆုံး ခြေချခဲ့တဲ့ နှစ်ပေါ့။ ရုပ်ရှင်ကိုတော့ မင်းသားကြီး အော်လွန်ဘရန်ဒိုက ၁၉၇၂ မှာ ရိုက်ပါတယ်။ အကယ်ဒမီ ၃ ဆုရတယ်လို့ ဝီကီပီးဒီးယားက ဆိုပါတယ်။ ဒီလိုသရုပ်ဆောင်ဖို့ မာဖီးယားထဲကို ထဲထဲဝင်ဝင်လေ့လာရတယ်။ သူတို့ဟန်တွေ စကားပြောပုံတွေ။ တချို့သရုပ်ဆောင်တွေဆိုတာလည်း တကယ့်မာဖီးယား အစစ်တွေ ဝင်သရုပ်ဆောင်ပေးတယ်လို့ဆိုပါတယ်။

မူရင်းစာ​ရေးသူ မာရီယို ပူဇို က အီတလီလူမျိုး။ စာ​ရေး​တော့ အ​မေရိကားမှာ။ အီတလီဆိုတာ မာဖီးယား နဲ့ မကင်းဘူး။ မာဖီးယား ​တွေရှိ​နေတာကို​တောင်​ ဂုဏ်​ယူတတ်​တဲ့ သူမျိုး​တွေ။ (ဂျပန်​ ယာကူဇာလို​ပေါ့။) ဒါ​ကြောင့်​ သူ​ရေးတဲ့စာ​တွေဟာ Criminal case ​တွေနဲ့မကင်းတဲ့ မာဖီးယား အ​ခြေပြု စာ​တွေ ဖြစ်​လာတယ်​။ သူ့ရဲ့ အ​အောင်​မြင်​ဆုံး စာအုပ်​ဟာလည်း ဒီ Godfather ပဲ။ သူဟာ ဇာတ်​ညွှန်း​ရေး ဆရာတစ်​​ယောက်​လည်း ဖြစ်​ပြန်​တယ်​။ သူ့ရဲ့ဇက ရုပ်​ရှင်​ဘက်​မှာ ပိုကဲတယ်​လို့ ယူဆနိုင်​တယ်​။ The Godfather ကို ရုပ်​ရှင်​သုံးပိုင်း ခွဲရိုက်​တဲ့အခါ ပထမနှစ်​ပိုင်းအတွက်​ ဇာတ်​ညွှန်းအကယ်​ဒမီဆု ကို ဆွတ်​ခူးနိုင်​ခဲ့တယ်​။ ခင်​​ဗျားတို့ ကျွန်​​တော်​တို့ ငယ်​ငယ်​တုန်းက ရူးခဲ့တဲ့ Superman ရဲ့ပထမဆုံးဇာတ်​ညွှန်းကိုလဲ သူ​ရေးခဲ့တာပဲ။

ဘာသာပြန်​သူ တက္ကသိုလ်​​နေဝင်း အ​ကြောင်းက​တော့ ထပ်​မံညွှန်းဆိုရင်​ မလို​လောက်​​တော့ပါဘူး။ ​ဗိုလ်​ချုပ်​ရဲ့ အပါး​တော်​မြဲ ​ဗိုလ်​ထွန်းလှဆိုတာနဲ့တင်​ လူ​တော်​​တော်​များများ သိပြီးသားပါပဲ။ တက္ကသိုလ်​​နေဝင်း ကိုယ်​တိုင်​လဲ Action လိုင်းသန်​တဲ့ စာ​ရေးဆရာတစ်​​ယောက်​ပါပဲ။ ​ဗိုလ်​ချုပ်​တို့​ခေတ်​က စာ​ပေ Hero ​တော်​​တော်​များများဟာ ပြစ်​မျိုးမှဲ့မထင်​​တွေပါ။ သူဘာသာပြန်​တာ ​ကောင်းတယ်​မ​ကောင်းဘူး ဆိုတာ ဆုံးဖြတ်​ရမယ့်​ အဆင့်​ကိုယ့်​မှာ မရှိပါဘူး။ ​ပြေပြစ်​တာ ဟိုဘက်​ကမ်းလွန်​တယ်​လို့​တော့​ပြောချင်​မိတယ်။
ဂေါ့ဖားသား” စာအုပ်ဟာလည်း တက္ကသိုလ်နေဝင်းရဲ့ ဘာသာပြန်ပိုင်နိုင်မှုတွေကြောင့် အစကနေအဆုံး လက်ကမချချင်လောက်အောင် စိတ်အာရုံကို တောက်လျှောက်ဆွဲဆောင်သွားနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ ဒုစရိုက်လောကကြီးကို အံ့သြဖွယ်ကောင်းလောက်အောင် ဖွဲ့စည်းချုပ်ကိုင်ပြီး ဒေါ်လာငွေသန်းချီ ရယူနိုင်ရုံမက ရဲတပ်ဖွဲ့နဲ့ စုံထောက်အဖွဲ့တွေကိုလည်း လက်တစ်လုံးခြား လှည့်ပတ်ရှောင်တိမ်းနေတဲ့ ဒုစရိုက်မိသားစုရဲ့ အတွင်းရေးတွေကို အသေးစိတ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မြေအောက်ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ရက်စက်ကြမ်းကြုတ်ပုံ၊ သစ္စာဖောက်တွေကို အပြစ်ပေးပုံ၊ ရဲအရာရှိတွေကို ငွေနဲ့ “ပေါက်” ဝယ်ထားပုံ၊ ဒုစရိုက်ဂိုဏ်းအချင်းချင်း မသင့်မြတ်ပါက စစ်ပွဲကြီးလို တိုက်ခိုက်ကလဲ့စားချေကြပုံတွေကို အသေးစိတ်ရေးဖွဲ့ထားတဲ့အတွက် အမေရိကန်ဒုစရိုက်လောကထဲကို ကိုယ်တိုင်သွားရောက်ပြီး အနီးကပ်ကြည့်ရသလို အရသာရှိပါတယ်။

ဒီစာအုပ်ကို ငြိတွယ်မိစေခဲ့တဲ့ စကားစု နှစ်ခုကို
ဖော်​ပြချင်ပါတယ်။

"ဒီမယ် မိုက်ကယ်လ်၊
အရေးအကြီးဆုံးက သေနတ်ကို အသုံးပြုပြီး
ပြီးချင်း အသာကလေးလွှတ်ချပစ်ခဲ့ဖို့ပဲ။ 
လူတကာကတော့ မင်းလက်ထဲ သေနတ်ရှိ
သေးတယ်ထင်ကြမယ်။ 
သူတို့အားလုံးက ကြောက်နေလို့ ဘယ်သူမှ 
မင်းနားကပ်ဝံ့မှာမဟုတ်ဖူး။ အဲဒီအချိန်မှာ မင်းက အပြင်ဘက်ကို ခပ်သုတ်သုတ် လျှောက်
ထွက်လာခဲ့ရမယ်။ 
ပြေးတော့မပြေးလေနဲ့"
(ကလီမင်ဇာ မှ မိုက်ကယ်လ် ကို မှာကြားလိုက်သော သတိပေးစကား)

"ဒါပေမယ့် တစ်ခုတော့ ရှင်းရှင်းပြောချင်ပါတယ်။ ကျုပ်ဟာ အလွန်အယူသည်းတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ အထူးသဖြင့်ကျုပ်ရဲ့သား အငယ်ဆုံးနဲ့ ပတ်သက်လို့ အယူသည်းမှုရှိတာကို လူကြီးမင်းများကို အသိပေးလိုပါတယ်။ အဲဒီ့သားငယ်ဟာ ကံဆိုးလို့ ဘေးရန် တစ်စုံတစ်ခု ဖြစ်သွားရင် ဒီအခန်းထဲမှာ ရောက်ရှိနေတဲ့ ပုဂ္ဂိုလ် များရဲ့ ပယောဂ မကင်းဘူးလို့ ကျုပ်က ယူဆမှာဖြစ်ပါတယ်။ကျုပ်သားက သူ့ကိုယ်သူ သတ်သေသည်ဖြစ်စေ၊ သူစီးသွားတဲ့ မော်တော်ကားကို မီးရထားနဲ့တိုက်လို့ သေသွားရင်ဖြစ်စေ၊ ပင်လယ်ထဲမှာ သူ့ရဲ့ သင်္ဘောက နစ်မြုပ်သွားသည် ဖြစ်စေ၊ ကုန်ကုန်ပြောရရင် လေကြီးမိုးကြီးကျရင်း မိုးကြိုးပစ်လို့ ကျုပ်သားငယ် သေသွားရင်တောင်မှ လူကြီးမင်တို့ထဲမှာ သူ့အပေါ် မလိုမုန်းထားစိတ်ရှိတဲ့လူ ပါနေလို့လို့ပဲယူဆပါတယ်"
(Godfather မှ Mafia မိသားစုများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြောကြားလိုက်သော စကား...)
...
အထက်ပါ စကားစု နှစ်ခုကိုပဲ ကျွန်တော့် ခေါင်းထဲ မှာ မှတ်မှတ်ထင်ထင် ဖြစ်ခဲ့ရပါတယ်။ ဒီစကားစု နှစ်ခုကို ခံစားနိုင်ရင် ဒီစာအုပ်ထဲက Godfather နဲ့ ရင်ဘတ်ခြင်း နီးနိုင်ပြီလို့ပဲ ပြောပါရစေ။

ဒီစာအုပ်​ကိုဖတ်​လို့ စာ​ပေတန်းတစ်​ခုဆီ​ရောက်​သွားနိုင်​မလားဆိုတာ မ​သေချာ​ပေမယ့်​ နှလုံးသားက​တော့ တန်းတစ်​ခုကို ​ရောက်​သွားမယ်​လို့ အာမခံတယ်​။ စာချစ်​သူမဟုတ်​ပဲ ရုပ်​ရှင်​ချစ်​သူဆိုရင်​ ​တော့ ဒီကားမကြည့်​ဘူးရင်​ နဲနဲ ​အောက်​​နေတယ်​လို့​ အပိုင်​​ပြောရမှာပဲ။ အာမခံနိုင်​တာက​တော့ စာအုပ်​​ကောင်းတစ်​အုပ်​ဖြစ်​​ကြောင်း၊ ရုပ်​ရှင်​နဲ့ တန်းတူ​ပြေး​သော စာအုပ်​တစ်​အုပ်​ ဖြစ်​​ကြောင်းပါ။ (ဒီစကား​ပြောရတာ ရယ်​​တောင်​ရယ်​ချင်​တယ်​) (စာအုပ်​တိုင်းရုပ်​ရှင်​ထက်​​ကောင်းတယ်​လို့ ထင်​ချင်​လည်း သ​ဘော)

📚📚
https://mm1ink.net/JsLNb










အချစ်​​တော်​တို့ကမ္ဘာ

📚📚
https://mm1ink.net/izT41




Saturday, August 3, 2019

နိုင်ရွှေမိုး - မြန်မာ့ရေအရင်းအမြစ်

📚📚
https://mm1ink.net/QfD6V




" ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်
ဒီတော့ သူဌေးကြီးဖြစ်အောင်လုပ်
ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်
ဒီတော့ သူဌေးကြီးဖြစ်အောင်လုပ်
ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်
ဒီတော့ သူဌေးကြီးဖြစ်အောင်လုပ် "

သူဌေးဖြစ်ချင်သူများလိုက်နာရမည့် အချက်လေးချက်

(၁) ဘယ်လုပ်ငန်းကိုပဲလုပ်လုပ် အဲ့ဒီလုပ်ငန်းနဲ့ပတ်သက် သမျှပညာရပ်တွေကို စေ့စေ့စုံစုံ တတ်သီနားလည်အောင် ဆည်းပူးလေ့လာထားရမယ်။ အထူးကြိုးစားရမယ်။

(၂) အဲ့ဒီလို ကြိုးစားပြီး ရှာဖွေလုပ်ကိုင်လို့ရတဲ့ ပစ္စည်းဥစ္စာကို စောင့်ရှောက်ထိန်းသိမ်းနိုင်ရမယ်။

(၃) သူဌေးကြီးဖြစ်ဖို့ တတိယနည်းကတော့ မိတ်ဆွေကောင်းရှိရမယ်။

(၄) သူဌေးဖြစ်ချင်ရင် ရှာဖွေလို့ရတဲ့ ပစ္စည်းဥစ္စာကို ထိုက်ထိုက်တန်တန် ဝေဖန်ပိုင်းခြားပြီး သုံးစွဲတတ်ရမယ်... ။

* ရည်ရွယ်ကြီးမားသော ယောက်ျားများအဖို့ အချစ်ကိစ္စဆိုသည်မှာ လွန်စွာသေးကွေးသော ကိစ္စမျှသာဖြစ်ပေသည်။
* တစ်စုံတစ်ခုသော ကြီးမားသည့်ဆန္ဒကို ပြည့်ဝအောင်မြင်ရန်အတွက် အခြားသော ဆန္ဒများကို စတေးပစ်ရမည်။
* ရည်မှန်းချက်မအောင်မြင်သေးမီအတွင်း၌ သင်အံ လေ့ကျင့်ခြင်းအလုပ်ကိုလုပ်ရပေမည်။
* မည်သည့်အရာမဆို အစပထမ၌ သေးကွေးမြဲ ဓမ္မတာရှိ၏။
* မည်မျှခက်ခဲသည့် အရာဖြစ်စမ်းပါစေ၊ မဖြစ်မနေ ကြိုးစားလျှင် မုချဖြစ်၍လာမည်မှာ သေချာပါသည်။

ဒါတွေက ဆရာကြီးမင်းသိင်္ခရဲ့ ပုဏ္ဏားဘကွန်း ထဲက သူဌေးဖြစ်ချင်သူများလိုက်နာရမည့်အချက် (၄) ချက် နဲ့ " ပုဏ္ဏားဘကွန်းနီတိများ " ထဲက စိတ်ဓာတ်ခွန်းအားဖြစ်စေမယ့် ၅ ခုလောက်ကိုရွေးထုတ်ထားတာပဲဖြစ်ပါတယ် ခင်ဗျ။
ဇာတ်လမ်းစစချင်းမှာ ကူလီပုဏ္ဏားဘကွန်း က သူဌေးကြီးပုဏ္ဏားဘကွန်းအိမ်ကိုရောက်သွားတယ်။ သူဌေးကြီးဘကွန်း နဲ့ ကူလီဘကွန်း တို့ရဲ့ မွေးနှစ်၊ လ၊ ရက်၊ နာရီ တို့မှာတစ်ထပ်တည်းကျနေတော့ အရမ်းအံသြသွားကြတယ်။ တစ်ယောက်က အရမ်းချမ်းသာတဲ့သူဌေးကြီးဖြစ်နေပြီးတော့ နောက်တစ်ယောက်က သိပ်ကိုဆင်းရဲတဲ့ ကူလီဖြစ်နေတယ်။
အဲ့ဒီမှာ သူဌေးကြီးပုဏ္ဏားဘကွန်း ကသူဘယ်ဘဝကနေ စတင်ခဲ့ပြီး ဒီအခြေအနေရောက်ခဲ့ရတယ် ဆိုတာကိုပြောပြတယ်။ အဲ့ဒီမှာ ဘဝရဲ့ အတက်အကျ၊ အနိမ့်အမြင့် လောကဓံတရား ကောင်း/ဆိုးတွေ စတဲ့ သူတွေ့ကြုံတွေ့ခဲ့ရသမျှကိုပြောပြတယ်။ ဘဝ မှာ အင်္ဂလိပ်စာရဲ့အရေးပါပုံကိုလည်း ဆရာကြီးအနေနဲ့ ထောက်ပြထားတာကိုတွေ့ရတယ်။ အဲ့ထဲက အင်္ဂလိပ်စာဖတ်နည်းကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ...
" ဒီနည်းကတော့ အင်္ဂလိပ်စာဖတ်တတ်ပြီး ဘာသာမပြန်တတ်တဲ့သူတွေ အတွက် အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးနည်းပဲ။ အခု ခင်ဗျား ဖတ်နေတဲ့ အင်္ဂလိပ်ဝတ္ထုရဲ့ အခန်းတစ်မှာ ပါတဲ့ မသိတဲ့စာလုံးတွေအားလုံးကို အဘိဓါန်မှာ မြန်မာလိုပြန်ရှာပြီး အလွတ်ကျက်ရမယ်။ ပြီးတော့... စာအုပ်တစ်အုပ်လုံးကို ဖတ်ပေတော့။ တစ်ခါတည်းလွယ်သွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ စာရေးဆရာတစ်ဦးရဲ့ ဝေါဟာရနဲ့ အာဘော်ဟာ အခန်းတစ်မှာပါတဲ့အတိုင်း ကျန်တဲ့အခန်းတွေမှာလည်း ဒီတိုင်းပဲဆက်ပြီးသုံးစွဲလေ့ရှိတယ်။ "

မင်းသိင်္ခ-ပုဏ္ဏားဘကွန်း(၁)
https://mm1ink.net/czkXfEWw

မင်းသိင်္ခ-ပုဏ္ဏားဘကွန်း(၂)
https://mm1ink.net/1N7Zvh2






ပုဂံသခင်​ရဲညွန့်​ - သမုတိရာဇ်​မင်းမတိုင်​မီပုဂံ၌မြန်​မာလူမျိုးရှိသ​လော

📚📚
https://mm1ink.net/RHqG0




Tuesday, July 30, 2019

အောင်​ငြိမ်းချမ်း(မန်းတက္ကသိုလ်​) - သု​တေသနခရီးသွား​ဇေယျာပူရ မှတ်​တမ်းများ

📚📚
https://mm1ink.net/s5ReTVIU




မောင်​ဆန်းကြယ်​ - ရင်​ခုန်​သံ​မျှော်​လင့်​ချက်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ အင်​တာဗျူး

📚📚
https://mm1ink.net/BkUJOW7




ကာတွန်း​အောင်​ရှိန်​ - မဟာဂနိုင်

📚📚
https://mm1ink.net/WNVVjvN




ကျွန်မအသိတစ်ယောက်ကမေးတယ်
ရာဇဝင်ထဲကမိန်းမသားများ
စာအုပ်ဖတ်ပြီးပြီလားတဲ့
ကျွန်မကလည်း မဖတ်ရသေးဘူးပေါ့ သူကဆက်ပြောတယ်
တကယ်တော့ ဒေါက်တာမတင်ဝင်းက
ရာဇဝင်ထဲက မိန်းမဆိုးတစ်ချို့ကို
သူ့ခမျာ အကောင်းဖတ်ကနေတွေးပြီးရေးပေးထားရှာတယ်တဲ့
အဲစကားကြားတော့ ကျွန်မစိတ်ထဲနည်းနည်းခံပြင်းသွားတယ်
ငါမယုံဘူး အဲစာအုပ်ငါ့ငှါးပါဆိုတော့
မငှါးနိုင်ဘူး တဲ့အဲစာအုပ်ဖတ်ပြီးသူနဲ့ပြိုင်ငြင်းမှာစိုးလို့တဲ့
သူဖတ်လို့လည်းမပြီးသေးဘူး ပြီးတော့စာအုပ်ကပထမဆုံးအကြိမ်
ထုတ်ဝေထားတဲ့စာအုပ်ဆိုတော့ တော်တော်လည်းဟောင်းနေပြီ စာရွက်တွေတစ်ရွက်နဲ့တစ်ရွက်ကပ်နေလို့
သေချာလေး လှန်လှော ဖတ်ရတယ် စုတ်မှာစိုးလို့လည်းပါတယ်တဲ့
ကျွန်မလည်း စာအုပ်မရမချင်း တစ်ဂျီဂျီ နှစ်ရက် သုံးရက်လောက်
နားပူ နားဆာတိုက်နေတော့မငှါးချင်ငှါးချင်နဲ့ ငှါးလိုက်ပါတယ်။
ဒါကတော့ကျွန်မဒီစာအုပ်လေးဖတ်ဖြစ်မိတဲ့အကြောင်းပါ။

စာအုပ်လေးကိုစဖတ်ဖတ်ချင်းအမှာစာမှာ ဒေါက်တာမတင်ဝင်းက
ဘာရေးထားလဲဆိုတော့
ရှင်ဘို့မယ်အကြောင်းဆိုရင် အကောင်းမမြင်ကြသူများတယ်လို့
ကျွန်မယူဆပါတယ်။ မင်းဆက်ငါးသွယ် ရှင်ဘို့မယ် နန်းလယ်တင့်
သည်သာဆိုတဲ့ ကဝိလက္ခဏာ ဆရာရဲ့ စာချိုးကြောင့်
ရှင်ဘို့မယ် ကို အတော်ယောကျာင်္းများတဲ့ လူဆိုတဲ့ အမြင်မျိုးမြင်တတ်ကြပါတယ်တဲ့။
သူ့ခေတ်သူ့အခါ သူ့အခြေအနေမှာ သူဘယ်လိုကြောင့်
မင်းငါးဆက်နဲ့ အကြောင်းပါရပါလိမ့်လို့ တွေးဖို့မစဉ်းစားတတ်ကြပါဘူး လို့ ရေးသားထားပါတယ်။
ကျွန်မလဲ ဒီစာအုပ်လေး မဖတ်ခင်က ရှင်ဘို့မယ် အပေါ်
အဲလိုအမြင်မျိုးမြင် မိဖူးပါတယ်။
အလားတူပဲ မိမိရဲ့ စိတ်ဆန္ဒပါသည်ဖြစ်စေ မပါသည်ဖြစ်စေ
သက်ဦးဆံပိုင် ဘုရင်စနစ်ရဲ့အောက်မှာ
မိမိတို့ရဲ့ ဘဝတွေ အချစ်တွေ စတေးခံလိုက်ရတဲ့
မိဖုရားတွေ မင်းသမီး တွေအကြောင်းကို
ဒီစာအုပ်လေး ဖတ်ကြည့်ရင်မှန်းဆသိနိုင်ပါတယ်။
ဒါ့အပြင် နန်းတွင်းအာဏာလုပွဲတွေကြားမှာ
မဆီမဆိုင် အသက်ကိုပါပေးလိုက်ရတဲ့
မိဖုရား တစ်ချို့ရဲ့ ရင်နာသနားစရာကောင်းတဲ့
ဘဝတွေ အကြောင်းလည်းပါပါသေးတယ်။
နောက်တစ်ခု က ပဒေသရာဇ် ခေတ်
ရှုပ်ထွေးလှတဲ့ နန်းတွင်းရေးကြားမှာ
မိမိကိုယ့်ကိုရှင်သန်ဖို့ကြိုးစားရင်း
အသက်ပျောက်ရတဲ့မိဖုရားတွေလည်းရှိပါသေးတယ်။
မိန်းကလေးတွေကို တန်ဖိုးမထားတတ်တဲ့
ရာဇာဓိရာဇ်တို့လိုရှင် ဘုရင်မျိုးနဲ့တွေ့ပြန်ရင်လည်း
ရှေးခေတ်မိဖုရား မိန်းမသားတို့ဘဝဟာ
ရင်လေးစရာပါပဲ။
ကျွန်မ ကreviewကောင်းကောင်းမရေးတတ်တော့
စာအုပ်လေးတန်ဖိုးနဲ့ သုတရသ တွေ့လျော့သွားမှာလည်းစိုးလို့
ဒီလောက်ပါပဲ။
ဒီစာအုပ်လေးကိုဖတ်ကြည့်ပါလို့ပဲတိုက်တွန်းပါရစေ။

ဒေါက်​တာမတင်​၀င်း - ရာဇ၀င်​ထဲကမိန်းမသား

📚📚
https://mm1ink.net/h3SUQt7P






Sunday, July 28, 2019

ဒိုးလုံး - အလို​တော်​အတိုင်း

01-Intro
https://mm1ink.net/KXPUUFp

02-အချစ်​ကိုစတင်​​တွေ့ရှိချိန်
https://mm1ink.net/uJUfHpU

03-မင်းမသိလို့လား
https://mm1ink.net/IQwQH

04-တစ်​​ယောက်​​သောချစ်​သူ
https://mm1ink.net/jXuF3D

05-​သောက
https://mm1ink.net/AoqA3HR

06-​ပေါမိုက်​​တေ​လေ င​ပေဒိုးလုံး
https://mm1ink.net/1KHn

07-အလို​တော်​အတိုင်း
https://mm1ink.net/rYpgQkl

08-​သောက
https://mm1ink.net/0Kci

09-သူ့ကိုသိ​စေချင်​တယ်
https://mm1ink.net/CzDxe

10-ငြိမ်းချမ်းရာမဲ့
https://mm1ink.net/Vp2O

11-ဆု​တောင်း
https://mm1ink.net/GXKvCQx

12-Outro
https://mm1ink.net/TEtM1x




Saturday, July 27, 2019

ဝင်းငြိမ်း - အထီးကျန်ည

Are you lonesome tonight?
ELVIS PRESLEY

ဟုတ်ကဲ့ ဒီ စာအုပ်က ဘာသာပြန် သူ စိမ်း
နေတဲ့ အတွက် အစက ကျနော် လည်း ရိုးရိုး
ဝတ္တု ပဲ ထင်ခဲ့မိတာ ။ နည်း နည်း ဖတ် ကြည့်
လိုက်မှ ကမ္ဘာ ကျော် အဆိုတော် ကြီး ELVIS PRESLEY ရဲ့ အချစ်ဦး အကြောင်း ဖြစ်နေတော့
တယ် ။

ဒီဝတ္တု ကို ဘာသာပြန်ဘို့ရာ အဆိုတော် ဘိုဘိုဟန်က
ဝင်းငြိမ်းကို ပေးရာက စတာပဲ.... ။
Are you lonesome tonight?  ဆိုတဲ့စာအုပ်
ခေါင်းစဉ် က အမှန်တော့ ELVIS ရဲ့ သီချင်းတစ်ပုဒ် ရဲ့
ခေါင်းစဉ် ပါပဲ...... ။

လူစီ ဒီဘာဘင် ဟာ ပြင်သစ် သူကလေးဖြစ်တယ်။
အဖေအဆိုတော်မထင်မရှားနဲ့ အမေဖြစ်သူအမေရိ
ကန်တို့ရဲ့ သဘောမတူတဲ့ ကြားက ပေါက်ဖွားလာကြ
ရတယ်။ နောက်တော့ အဖေ လည်း သေ ကော
လူစီ ဘဝဟာ သူမ အဖေရဲ့ အမေ ၊ သူ့ အဖွားရဲ့
လက်မှာ ကြီးပြင်းခဲ့ရတယ် ။

လူစီ ၁၁ နှစ်အရွယ် မှာပဲ လူစီအဖွားဟာ လူမဆန်စွာ
တဖက်လှည့်နဲ့ မြေပွဲစားတစ်ဦးကို ရောင်းစားခါ
လက်ထပ်ပေးခဲ့ခြင်းခံခဲ့ရသည် ။ လူစီဟာ အသက်မ
ပြည့်မှီ မြေပွဲစားကြီးရဲ့ အတင်းအကြပ် ကာမယူမှုနဲ့
ကလေး ၂ ယောက်ရချိန်မယ် သူမအသက်က ၁၇
ပြည့်ရုံသာ ရှိခဲ့ပါတယ် ။ ကြမ်း တမ်းလှတဲ့ လူစီ ဟာ
ပွဲစားကြီးမလာတဲ့ ရက်တွေမှာ အဆိုရှင်အနေနဲ့ အချိန်
ပိုင်း အလုပ် လုပ် ရင်းသူမ ဖြစ်ချင်တဲ့ အဆို တော်
ဘဝ ကို တဖက်က ကြိုးစား နေ၏ ။

တစ်နေ့ မှာ တော့ ကမ္ဘာကျော် မည့် ELVIS နဲ့ နယ်
မြို့လေးက ဧည့်ခံ ပွဲမှာတွေ့မိကြလေရဲ့ ။ ဒါပေတဲ့
ထို အချိန်မှာ ELVIS ဟာ လုံးဝ မအောင်မြင်သေး တဲ့
အဆိုတော် ဘဝ ။ လူစီမှာကျ တော့လည်း အလိုမတူ
လင်ကြီးနဲ့ ကလေး၂ ယောက် အမေ ။

နောက်တော့ လူစီနဲ့ ELVIS တို့ တောင်ကုန်လေး
ရဲ့ တစ်နေရာ မှ လူမသိ သူမသိ မှောက်မှားခဲ့ကြ
သည် ။ နောက်ပိုင်း မှ ELVIS သိလိုက်ရတာက
လူစီဟာ ကလေးအမေ မှန်း ။ ဒါပေတဲ့ အရူးအမဲ
သားကျွေးခြင်း ခံရတယ် ELVIS ဟာ ဒေါသမဖြစ်တဲ့
အပြင် သူမကို တမ်းတမ်း စွဲ ချစ်မိနေကြပါသတဲ့ ...။

နောက်တော့ ကြိုးကြား ချိန်းတွေ့ ကြရာမှ
ELVIS မသိလိုက်တဲ့ ကွန်ဒုံးမဲ့ လိင်ဆက်ဆံ ရာ
မှ လူစီနဲ့ ကလေး တစ်ယောက် ရသွားခြင်း ကို
သေ သည်အထိ မသိ သွားရ ရှာပေ။ သူမရဲ့
နာမည်က ဒီဇိုင်းယားရီး ။ ထို အကြောင်းကို
ပြန်ရေးပြထားတဲ့ အချစ် ဝတ္တု လေးဖြစ်ပါတယ် ။

ELVIS ကလည်း ကမ္ဘာ ကျော် အဆိုတော် နဲ့
လူစီလို ကလေး အမေ တစ် ယောက်
၂၄ နှစ်လုံး လူသိမခံ ပဲ ဘာကြောင့် ချစ်နေရပါလည်း
အဖြေ က........... ? ?

ကျနော် ကြည့်ဖူးတဲ့ ဆူးကြားက ဗူးခါး ထဲမယ်
မင်းမော်ကွန်း က မင်းသားဖြစ်သွားတော့
သူ့ အဖေ နဲ့ တွေ့ ချင်သော်လည်း နောက်
က ကွန်ထရိုး လုပ်သူက တွေ့ခွင့် မပေးသော
ကြောင့် အဲ့နေရာမှာ ပြောတဲ့ စကားလေး
သွား သတိရတယ် ။

ကျနော် ကတော့ အောင်မြင် မှု နောက်လိုက်ရင်း
အဖေတို့နဲ့ ပိုပို ဝေး သွားရပါတယ်တဲ့...... ။

ELVIS နဲ့ လူစီ တို့ စတွေ့ချိန် ကတည်း က
ELVIS သေဆုံး၍ သူတို့ရဲ့ သမီးလေး
ဒီဇိုင်းယားရီး အရွယ် ရောက်သည်အထိ ၂၄နှစ်တာမျှ
ဖုံးကွယ်ထားတာ တွေဟာ ဘာကြောင့်လဲ ဆိုတာ
တော့ စာမျက်နှာ ၂၅၀ ကျော်တာနဲ့ ခံစားရစွာသိ
လာပါ လိမ့်မည် ။ လူစီရဲ့ အချစ်ဟာ ဘယ်လောက်
ထိ လေးနက်ပြီး တစ်ယောက် နဲ့ တစ်ယောက်
အတ္တတွေ ဘယ်လောက်မဲ့ ပြီး ချစ်ကြ သလည်း
ဆိုတာကို ပေါ့... ။

မိုးအေးအေးနဲ့ ဖြစ်ရပ်မှန် အ ချစ် ဝတ္တု
ဖတ်ချင်သူတို့ အတွက် လက်တို့ အပ်ပါသည်.... ။
#crd -မ ဂမ်

https://mm1ink.net/yz2JNsBq