Monday, March 2, 2020

#မြန်မာလူမျိုးတစ်ယောက်ဖြစ်ရင်
#ဒီရုပ်ရှင်ကားကိုကြည့်ဘူးရပါမယ်

#ကမ္ဘာ့Hollywood-အဆင့်မှီ၊
#ဟောလီးဝုဒ်အထိရိုက်ကူးခဲ့တဲ့
#မြန်မာမင်းသမီးဝင်းမင်းသန့်ရဲ့
The Purple Plain ( 1954 ) - #မြန်မာစာတန်းထိုး

မဒေါင်းတတ်တဲ့သူတွေလည်း Fb Packageနှင့်ကြည့်ရအောင် ကူးယူတင်ပေးလိုက်ပါတယ် ...

လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၄ နှစ်က #ကမ္ဘာကျော်အမေရိကန်ရုပ်ရှင်မင်းသားကြီး " Gregory Peck " နှင့် #မြန်မာပြည်ဖွားပဲခူးသူမင်းသမီးချော " ဝင်းမင်းသန်း " တို့က
The Purple Plain ဆိုတဲ့
ဇာတ်ကားကို
တွဲဖက်ရိုက်ကူးခဲ့ပါတယ် ...

ထိုခေတ်အခါက England နှင့်
American ထုတ် သတင်းစာ
အသီးသီးက ဗမာ့အမျိုးသမီးလေး
#ဝင်းမင်းသန်း ရဲ့
ကျက်သရေရှိလှသော
မြန်မာဆန်ဆန်အလှ နှင့်
လေးစားအတုယူဖွယ်
မြန်မာ့ယဉ်ကျေးမှုကို
စောင့်ထိန်းသောသူလေးအဖြစ်
အမျိုးမျိုး ချီးကျူး၍
ရေးသားခဲ့ကြပါတယ် ...

#မြန်မာပြည်မှ
#အမျိုးသမီးတစ်ယောက် ယခုလို
#ကမ္ဘာ့အလည်မှာ
ချီးကျူးခံ ခဲ့ရတယ်ဆိုတာ
မြန်မာလူမျိုးများအတွက်
ဂုဏ်ယူစရာ တစ်ရပ်လဲ
ဖြစ်ခဲ့ပါတယ် ...

#ဇာတ်လမ်းအကျဉ်းလေးကတော့

မြန်မာပြည်မှာ ဒုတိယကမ္ဘာစစ်ပြီးကာစအချိန် ... Canadian တော်ဝင်လေတပ်က လေယာဉ်မှူး ဖော်ရက်စတာ ( Gregory Pack ) က လူ့ဂွစာတစ်ယောက်ပါ ... အတိတ်က ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးကို ပြည်ဖုံးကားချပြီး ရုန်းမထွက်နိုင်သူတစ်ယောက်လဲ ဖြစ်ပါတယ် ...

သူ့ရဲ့ တဇွတ်ထိုးလုပ်ကိုင်မှုတွေကြောင့် အထက်အရာရှိက သူ့ကို ထုတ်ပစ်ဖို့တွေးနေတဲ့အချိန်မှာ ... တပ်ဆရာဝန် ဒေါက်တာ ဟဲရစ်က သူ့ကို စိတ်အပြောင်းအလဲ
ဖြစ်အောင် ရွာလေးတစ်ရွာကို
ခေါ်သွားခဲ့ပါတယ် ... အဲ့နောက်မှာ
အန်နာ ( Win Min Than ) နဲ့
တွေ့ဆုံပြီး ဘဝကို အသစ်တစ်ဖန်
ပြန်လည်ရှင်သန်လိုစိတ်တွေ
ပေါ်ပေါက်လာခဲ့ပါတယ် ...

The Purple Plain ဆိုတဲ့ ဇာတ်ကားဟာဆိုရင်ဖြင့်
1954 ခုနှစ်၊
#ဗြိတိန်မှာလူကြိုက်အများဆုံး
ဇာတ်ကားထဲက တစ်ကားဖြစ်ခဲ့ပြီး
Box Office မှာလဲ အောင်မြင်မှု ရရှိခဲ့တဲ့ဇာတ်ကားတစ်ခု
ဖြစ်ခဲ့ပါတယ် ...

#ဘက်ဂျက်ခန့်မှန်းခြေ
#အမေရိကန်ဒေါ်လာ-(၂)သန်းခန့်
သုံးစွဲရိုက်ကူးခဲ့တဲ့
ဇာတ်ကားတစ်ကား ဖြစ်ပြီး
1955 ခုနှစ် BAFT Awards မှာလဲ
Best British Actor , Beat
British Film , Best British
Screenplay နှင့် Best Film ဆိုပြီး
Nominee 4 ခု ဝင်ခဲ့တဲ့
ဇာတ်ကားကောင်း တစ်ခုလဲ
ဖြစ်ပါတယ် ...

ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာပြည်သူ/ပြည်သားတွေအတွက်တော့
#လွန်ခဲ့နှစ်ပေါင်း ၆၄ နှစ်က
#မြန်မာအမျိုးသမီးကြီး
#အန်တီဝင်းမင်းသန်း ရဲ့
ကျက်သရေအပေါင်း ခညောင်းပုံ ,
မြန်မာဆန်ဆန်အလှတို့ကိုသာမက
နှစ် ၆၀ ကျော်က Hollywood ရဲ့
ရုပ်ရှင်အဆင့်အတန်းကိုပါ ဗဟုသုတ တစ်ရပ်အဖြစ်
ကြည့်ရှုလေ့လာသင့်တယ်လို့
ထင်မိပါတယ် ...

1954 ခုနှစ်က ဇာတ်ကားဖြစ်တာကြောင့် ရုပ်ထွက်မကောင်းမှာကို စိတ်မပူပါနဲ့ အကောင်းဆုံး Blu-ray Quality ကို ရှာပြီး Encode လုပ်ပေးထားပါတယ်နော် ...

The Purple Plain ဟာဆိုရင်ဖြင့် IMDb မှာ 6.6/10 နှင့် Rotten Tomatoes မှာ 60% အသီးသီး ရရှိထားခဲ့ပါတယ် ...

📹📹

http://crefranek.com/pXl






No comments:

Post a Comment