ခင်ခင်ထူးရဲ့စတုတ္ထလုံးချင်းဝတ္ထု " မအိမ်ကံ "
ဇာတ်လမ်းအစမာပင် စွဲဆောင်ခြင်းဖြင့်စခဲ့သော အရပ်လက်သည် ဒေါ်ရိုးပုံ
-ရပ်တိုင်း၊ ရွာတိုင်းလှည့်ပီး မီးဖွားပေးနေသောအရပ်လက်သည်ကြီး
-အသက်ရှစ်ဆယ်ကျော်နေပီဖြစ်သော်လည်း အသက်နှင့်တကွ ရင့်ကျက်လာသောသူရဲ့ပညာ
-တပည့်မိန်းမကြီးများရှိသော်လည်းအချိုးမပြေလျှင်ဆူငေါက်တတ်သောသူ
သူကြီးသာထန်ရဲ့နောက်မိန်းမဒေါ်ပန်းရုံ
-မိထွေးဖြစ်သော်လည်းအရင်မိန်းမကမွေးခဲ့သော မောင်မြတ်သာကို သားအရင်းနှင့် မခြားချစ်ပေးခဲ့သူ
လင်တော်မောင်သူကြီးကမိမိထက် ၁၀ နှစ်ကြီးသော်လည်း
ချစ်ခင်ယုယသောသူ
သူကြီးရာထူးအလုပ်မှနှုတ်ထွက်စေချင်၍လင်တော်မောင်ကိုချိုတလှည့်၊ခါးတလှည့်ပြောနေသောသူ
သူကြီးဦးသာထန်
-သူကြီးအလုပ်ကိုမျိုးရိုးစဉ်ဆက်လုပ်ခဲ့သောကြောင့်မိမိလက်ထက်ရောက်မှမပျက်စေလိုသောသူ
-မိမိ၏အလုပ်နှင့်မအားသော်လည်းမယား၊သား၊သမီးပေါ်တာဝန်ကျေတတ်သူ
-မိမိ၏မိသားစုပြေလည်စေရန်အရေးပိုင်မင်းပေါ်ခစားရသော်လည်းမျိုးချစ်စိတ်ရှိသူ
မောင်မြတ်သာ
-ငယ်စဉ်ထဲကမိခင်ရင်းသေသော်လည်းဒေါ်ပန်းရုံဆိုသောမိထွေးကိုမိခင်းရင်းကဲ့သို့ချစ်သောသူ
-ဒေါ်ပန်းရုံမှမွေးလာသော " မအိမ်ကံ " ကိုလည်းနှမလေးအရင်းကဲ့သို့စောင့်ရှောက်ချစ်ခင်သူ
-ချစ်လွန်း၍ " ကံကလေး " ဟူ၍ပင်အဖျားဆွတ်ခေါ်ကာမိမိနှမလိုကျလိုက်နေသောသူ
-ဖခင်၏သူကြီးအလုပ်ကိုမနှစ်သက်သောလည်း မိမိဖခင်ဖြစ်သောကြောင့်လေးစားမှုပေးသောသူရဲ့ဟန်ပန်
ကဲ ----- လာပါပီ အဓိကဇာတ်ကောင် "မအိမ်ကံ "
မွေးဖွားလာကတည်းက ရွာမာထူးခြားဖြစ်စဉ်ကိုရှိစေခဲ့သူ
ကွမ်းတောင်ကိုင်ဘ၀ကိုမက်မောသောမိန်းမချောတစ်ယောက်
စကားနည်းပြီးအရှိန်အ၀ါကြီးသောသူ
ဝတ္ထုထဲမာ ကျေးလက်ဒေသ၏စကားလှလှလေးတွေ ၊ ခေတ်အခြေအနေမကောင်း၍ အစိုးရမင်းပေါ် ခစားခဲ့တာတွေ ၊ ရက်ကန်းရက်မှသာမိန်းမသားဘ၀ကောင်းခဲ့တာတွေ၊
အထူးခြားဆုံးကတော့ ပဲမှော်တိုက်ဆိုတဲ့အိမ်ကြီးအကြောင်းပါ
ဖြစ်ရပ်မှန်ဇာတ်လမ်းကိုနောက်ကျောခံရေးထားတဲ့ဝတ္ထုကောင်းပါ ဖတ်ကောင်းနိုင်ရန်ရည်ရွယ်လျှက်
📚📚
https://mm1ink.net/8fldFTAM

No comments:
Post a Comment