နီကိုရဲ
မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များ
လူတိုင်းလူတိုင်းဆီမှာ သိပ်ကို အချိုးအစားကျနပြီး ခမ်းနားမြင့်မြတ်တဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တော့ အနည်းဆုံးရှိနေတတ်ကြတယ်ဗျ ။သူတို့ အချစ်အကြောင်းတွေ နားထောင်ရတာ အရောင်အသွေး လှပပြည့်စုံပြီး သိပ်ကို အချိုးအစားကျနတဲ့ ပန်းချီးကားတစ်ချပ်ငေးကြည့်ရသလိုပဲ ။
တစ်ချို့ဆို ဖြူစင်တဲ့ အနစ်နာခံခြင်းတွေနဲ့ ကြေကွဲရင်နင့်စရာကောင်းလို့ ၊ တစ်ချို့ဆိုရင် အံ့သြဖွယ်တွေ့ဆုံခြင်းတွေနဲ့ အသေးစိတ်အဖြစ်အပျက်တွေက အမှတ်တရ နူးညံ့လို့ ၊ တစ်ချို့ကလည်း ယေညက်ျားကောင်း ပီသစွာ သစ္စာနဲ့ ကြေကွဲမှုကို သိမ်မွေ့စွာလဲလို့ ၊ပေါင်းဆုံခဲ့ကြတဲ့ သူတွေဆိုရင်လည်း ရဲရင့်တဲ့ စွန့်စားမှုမှာ နားလည်မှုတွေ အပြန်အလှန်ထုံးမွှန်လို့ပေါ့ ။
စာရေးဆရာ ဖော်ညွှန်းထားတဲ့ ရဲ့ဝင်း ဆိုတဲ့ ဇာတ်လိုက်မှာတော့ သူချစ်ရတဲ့ မကြည်ပြာရနဲ့ သူရဲ့ အချစ်ဇာတ်လမ်းဟာ တခြားသူတွေလို အချစ်ဇာတ်လမ်းမျိုးမဖြစ်ခဲ့ဘူး ။ ဘယ်သူ့ကို ပြန်ပြောပြပြ နားထောင်ရသူကို ပြုံးရယ်ခြင်းတွေနဲ့ အဆုံးသတ်သွားစေတဲ့ လွဲချော်မှုတွေနဲ့ ဖြစ်တည်နေတဲ့ အချစ်မျိုး ။
အချစ်ဦးကို မမေ့ကြေး ကတိမပေးထားကြပေမယ့် မမေ့နိုင်ကြတဲ့ အဖြစ်မျိုး လူတိုင်းကိုယ်ဆီခံစားချက်ရှိမှာပါ ။
ရဲဝင်းဆိုတဲ့ ဇာတ်ကောင်ဟာလည်း အချစ်ဦးဖြစ်တဲ့ မကြည်ပြာကို ဘတ်စကားပေါ်မှာ ကိုယ်ဝန်ကြီးနဲ့ တွေ့ဆုံလိုက်ရတဲ့ နောက်ဆုံးလွဲချော်မှုဟာ ယာဉ်ထိန်းရဲ အဖမ်းခံရတဲ့ အထိ တိုက်ဆိုင်နေဆဲပါပဲ ။ မကြည်ပြာရဲ့ အမူအကျင့် အကြိုက် ကို တက္ကသိုလ် ကျောင်းသားဘဝကနေ ဝေးကွာသွားပြီး ပြန်တွေ့တဲ့ အချိန်အထိ မှတ်မိနေသေးတဲ့ တစ်ဖတ်သတ်အချစ်ကို စာရေးဆရာက အလှအပဆုံးအဖွဲ့အနွဲ့တွေနဲ့ ဖော်ကျူးပြထားတယ် ။ ဘယ်လောက်များ လွဲချော်မှုတွေများတဲ့ အချစ်ဇာတ်လမ်းလဲဆိုရင် သူများနဲ့ ရတဲ့ ကိုယ်ဝန်ကို မကြည်ပြာရဲ့ယောက်ျားအဖြစ် အထင်ခံရပြီး ကလေးဖအေအဖြစ်အထင်ခံရတဲ့ အထိလွဲတာပါပဲ ။
( နံမည်ကြီး ထမင်းငတ် အီလည်လည် ခံစားချက်ကြီးနဲ့ ကိုရဲဝင်း )
ဒီစာအုပ်ကိုဖတ်လိုက်မိတော့ ဆယ်ကျော်သက် ငယ်ငယ်တုန်းက ဘဝတွေကိုသတိရသွားတယ် ။ ဟာသနဲ့ ဘဝကို အချိုးကျကျ သမအောင်ရေးပြထားတဲ့ စာရေးသူရဲ့ လက်ရာဟာ စာဖတ်သူကို ရယ်မောစေလိုက် လေးနက်စေလိုက် ခံစားမှုကို ပေးစွမ်းပါတယ် ။



No comments:
Post a Comment